To All My beloved Readers ❤

2.7K 96 13
                                    

Hello...all my lovely readers

ဘာရယ်မဟုတ်ပါဘူး။ ရုတ်တရက်စကားပြောချင်လာလို့၊  အရင်တုန်းက Comment တွေအကုန်ပြန်ဖြစ်ပေမယ့် အခုနောက်ပိုင်း အလုပ်တဖက်နဲ့အချိန်တော်တော်လုနေရလို့ မပြန်ဖြစ်ပေမယ့် တစ်ကြောင်းမကျန်အကုန်ဖတ်ပြီး မေးခွန်းမျိုးတွေဆိုပြန်ဖြေပေးပါတယ်။ အချစ်လျော့သွားလို့မဟုတ်တာမို့ နားလည်ခွင့်လွှတ်ပေးပါ။ အချိန်ရတာနဲ့ကြုံကြိုက်ရင် တခုမကျန်အကုန်စာပြန်ပေးမှာပါရှင်။

❤ Covid ပြန်ထနေတဲ့အချိန်မှာမှ အစ်မကလဲလည်ပင်းနာ၊ချောင်းဆိုးပြီး ဖျားနေတဲ့အတွက်တစ်ယောက်ထဲ အခန်းထဲမှာ isolate လုပ်ပြီးနေပါတယ်။ အစ်မကသိတဲ့အတိုင်း Covid ဒုတိယလှိုင်းတုန်းကလဲ ထိတယ်၊အိုမီခရွန်တုန်းကလဲ မလွတ်ခဲ့တော့ အိမ်ကလဲမျက်စောင်းထိုးနေပါပြီ 😂။

❤ choyee6 page လေးမှာ စာပို့ထားတာရှိပြီး စာမပြန်တာရှိခဲ့ရင် နားလည်ခွင့်လွှတ်ပေးပါဦးနော်၊ မနေ့ကသတင်းတခုကြားမိမှာပါ facebook ရဲ့ AI စနစ်တခုချို့ယွင်းလို့ Account တချို့မှာ PW မှန်ရဲ့သားနဲ့ ဝင်မရတာ၊ လော့ကျတာတွေဖြစ်နေကြတယ်ဆိုတာလေ၊ Page ကိုချိတ်ထားတဲ့ အစ်မရဲ့အရံအကောင့်လေးကလဲ ခပ်လှုပ်လှုပ်အခြေအနေပြနေလို့ မဝင်ရဲသေးဘူး။ ကူညီပေးတဲ့ Admin လေးကလဲဖုန်းပျက်သွားလို့ ဝင်မကြည့်နိုင်သေးလို့ပါ။

အပေါ်ကအချက်တွေကြောင့် ငြိမ်နေရတဲ့အချိန်မှာ Signs Of The Fate လေးကို ဖတ်ရှုပေးကြတဲ့ တစ်ဦးတစ်ယောက်စီတိုင်းကိုလဲ ကျေးဇူးတင်ကြောင်းလေးပြောချင်ပါတယ်။ Review ပေးသူတွေ၊ ဖတ်ပေးသူတွေ၊Vote ပေးခဲ့သူတွေ၊ comment လေးတွေချန်ပေးခဲ့သူတွေကစလို့ Silent reader တွေအထိ အစ်မကကျေးဇူးတင်ပါတယ်နော်။ ချစ်ပေးကြသူတွေရဲ့အင်အားတွေနဲ့ပဲ ဒီအထိရောက်လာခဲ့တာပါ။

Signs Of The Fate က Own Creation အနေနဲ့ဆို ဒုတိယမြောက် ဖန်တီးဖြစ်တာလေးပါ။ Light BL အမျိုးအစားနဲ့ပေါ့။ ကပြားကောင်လေးကို ချစ်ကြသူရော၊ Shane ကို အချစ်ပိုကြသူရော၊ Devin ကစလို့ နိုရာမင်းမောင်ဆိုတဲ့ Side ဇတ်ကောင်လေးအထိ သဘောကျပေးကြတာကိုတွေ့ရလို့ တော်တော်ကြီးကိုပျော်မိပါတယ်။ အပိုင်း 52 ပိုင်းနဲ့ Extra တွေကို အချိန်ပေးဖတ်ရှူပေးကြပြီးနောက်မှာ

အစ်မရဲ့ creation တခုဖြစ်တဲ့ SOTF အတွက်  Feedback လေးလဲတောင်းချင်လာလို့ပါ။ Silent reader လေးတွေရော၊ On going လိုက်နေသူလေးတွေရော တစ်ကြောင်းစီလောက် Feedback ပေးခဲ့ရင် အစ်မလဲအားတွေတက်ပြီး တတိယမြောက် Own Creation ဖြစ်လာမယ့် Duchess Of Viscount အတွက် အားတွေအများကြီး ရှိလာတော့မှာမို့ Feedback ဂျူဆဲယို 😭။

 ꜱɪɢɴꜱ ᴏꜰ ᴛʜᴇ ꜰᴀᴛᴇ  (ကံကြမ္မာချည်တဲ့ကြိုး)Where stories live. Discover now