ရက်စွဲ (၅)

731 86 8
                                    

"အပါကြီးပြောတာ ငါဆယ်တန်းပြီးရင် မြန်မာတက္ကသိုလ် ဆက်မတက်ဘဲ ပြည်ပက ဘွဲ့ကို မြန်မာပြည်ကနေဘဲ တက်စေချင်တယ်တဲ့၊ ငါ့ဆန္ဒကိုလဲ မေးနေတယ်၊ငါလဲ သူပြောတာ ကိုသဘောကျတယ်"

"အင်း.....ကောင်းတော့ကောင်းပါတယ်၊ဒါပေမယ့် ငါကတော့ အဲ့လိုလုပ်မယ့်အစား၊ အဲ့ကျောင်းစရိတ်တွေကို စီးပွါးရေးဘဲ တစ်ခုလုပ်လိုက်မယ်"

"ငါကအဲ့လောက်ထိလဲ မစွန့်စားရဲသေးဘူးကွ၊ပြီးတော့ အဓိက က ငါ အလုပ်မလုပ်ချင်သေးဘူး၊ကျောင်းဘဲတက်ချင်သေးတယ် ငါကျောင်းတက်ရတာ ပျော်တယ်လေ"

တကယ်တော့ အဒီး သူနဲ့မခွဲချင်ပါ။ အဒီးဟိုးအရင်ကတည်းက တွေးထားသည်မှာ သူနှင့်စူးကျယ်အောင် နှစ်ယောက်အတူ GTC သို့မဟုတ် တက္ကသိုလ် အတူတက်ရန် စိတ်ကူးထားမိသည်။ သူ စူးကျယ်အောင်နှင့် မခွဲချင်ပါ။ သူငယ်ချင်းသံယောစဉ်ဆိုတာထက် အမည်မသိ စိတ်ခံစားချက်တစ်ခု ထက်မကတော့ပိုနေမိပါသည်။

"ညနေကျ ချောင်းထဲသွားမလား"
"ငါလဲပြောတော့မလို့ဘဲရော် ၊ သွားကြမယ်လေ၊ ကျောင်းဆင်းတာနဲ့သွားမှရမှာ ၊မဟုတ်ရင် ရေခဲရိုက်ပြီးသားဖြစ်မယ်"
"အင်း ဒီနေ့ နေပူပါစေဘဲ ဆုတောင်းရမယ်"
မြူနှင်းထုကို ကျောင်းသားနှစ်ယောက်စကားတစ်ပြောပြော နှင့် တိုးဝင်နေကြသည်။ နမ္မတီးဆောင်းကို ယခုလောက်အေးလိမ့်မည်ဟု ထင်မထားမိပါ။ နမ္မတီးမှ မိုးကောင်းသို့သွားရာ လမ်းတွင် ချောင်းလေးတစ်ခုရှိပါသည်။ ထိုချောင်းအတွက် ဆောက်လုပ်ထားသော တံတားသည်လည်း လတ်လတ်ဆတ်ဆတ်လေးပင်ရှိနေသည်။ ချောင်းလေးက အေးမြသည်။ တောင်ကျရေ များသောကြောင့်ကြည်လင်လှသည် ။ချောင်းကြမ်းပြင်အောက်ခြေ မှ ရောင်စုံကျောက်သားတို့အား အတိုင်းသား တွေ့မြင်နိုင်သည်။ မိုးရာသီမဟုတ်သဖြင့် ရေအရမ်းမနက်ပါ။ညနေခင်း ဆိုလျှင်တော့ ချောင်းလေးမှာ လူငယ်များ နှင့်စည်ကားနေတတ်သည်။ ထိုနေ့က စူးကျယ်အောင်တို့ဆုတောင်းပြည့်ခဲ့ရပါသည်။ နေအနည်းငယ် ပွင့်လာသဖြင့် ညနေ ကျောင်းဆင်းချိန် ၃နာရီ ခွဲတွင် ရေသည် အလွန်အမင်း မအေးလှပါ။ ကျောင်းဆင်းသည်နှင့် လွယ်အိတ်များပစ်ချကာ အဝတ်အပို တစ်စုံစီ နှင့် ဆပ်ပြာ တစ်ဗူးစီ ယူဆောင်ကြပြီး ဆိုင်ကယ်နှင့် အပြေးသွားချေတော့သည်။

ကြည်ပြာရောင်နေ့စွဲများWhere stories live. Discover now