ဆောင်းဟွန်းဟွန်းကအရမ်းလှပါတယ်✨

888 104 3
                                    

ဟိုင်း အဲဗရီးဝမ်း ~ ကျွန်တော်ကတော့ စတိုင်အရမ်းမိမိုက်တဲ့ ပတ် ဂျုံ ဆောင်း ခေါ် Jay ပါ။ အသက်ကတော့ ကလေးလေးမဟုတ်တော့ဘဲ လူကြီးဖြစ်လာတော့မယ့် ၁၂ ပဲဖြစ်ပါတယ်။
မေမေက စာအုပ်အသစ်လေးပေးလာတော့ ဘာရေးရမလဲ စဉ်းစားရာကနေ စာအုပ်အသစ်လေးကို အရမ်းအရမ်းလှတဲ့ အတန်းဖော်သူငယ်ချင်းလေးအကြောင်းနဲ့ စ ဖွင့်လိုက်ပါ့မယ်နော် ။

မေမေနဲ့ဖေဖေက အရင်နေခဲ့တဲ့မြို့ကလိုမဟုတ်တဲ့ ကျောင်းတစ်ခုကို ရှေ့အပတ်ကတည်းကပို့ဖို့စီစဉ်ထားတယ်လို့ပြောထားတယ်။အဲ့တုန်းကတော့ သူငယ်ချင်းအသစ်၊ကျောင်းအသစ် ကိုတက်ရမှာမလို့ မတက်ချင်ဘူး။ အရင်နေခဲ့တဲ့ Seattle က ပိုမိုက်တယ် လို့‌မေမေတို့ကိုပြန်အော်ခဲ့တာ။ ဒါမယ့်လေ .. အရမ်းအရမ်းလှတဲ့သူငယ်ချင်းနဲ့တွေ့လိုက်တော့ ကျောင်းနေ့တိုင်းသွားချင်တယ်‌။

မေမေသိရင် စိတ်ကောက်လိမ့်မယ် တိတ်တိတ်လေးနေနော် ရှူး.. 🤭

အရမ်းအရမ်းလှတဲ့အတန်းဖော်သူငယ်ချင်းနာမည်က ပတ် ဆောင်း ဟွန်း တဲ့လေ။ ဆောင်းဟွန်းဟွန်းကအရမ်းလှတယ် မမတို့ရဲ့။ ဆောင်းဟွန်းဟွန်းက မျက်မှန်သေးသေးလေးကိုစာကြည့်ရင်တပ်တယ်။ဘယ်လောက်သေးလဲဆို ဂျေဂျေးရဲ့ လက်ကလေးနဲ့တောင်သေးသေးလေး။ ဂျေဂျေးက ဆော့တတ်ပေမယ့် ဆောင်းဟွန်းဟွန်းရဲ့မျက်မှန်သေးသေးယေးကိုတော့ မထိခိုက်အောင်ရှောင်ပါတယ်။

ပြီးတော့ ဂျေဂျေးလေးက အရမ်းလှတဲ့ဆောင်းဟွန်းဟွန်းဘေးမှာ ထိုင်ရတာပါ ဒန့်တန့်တန်။

" ဆောင်းဟွန်းဟွန်း နဲ့ငါက မျိုးရိုးတူတာပဲနော် "

" ငါနဲ့လား ပတ်ခ် ပဲ လား "

" အွန်း.. မင်းကဘယ်နားမှာနေတာလဲ "

" မသိဘူး "

ဆောင်းဟွန်းဟွန်းကအရမ်းလှပေမယ့် ဂျေဂျေးကို မခင်ချင်ဘူးထင်တယ်။ မသိဘူးလို့ပြုံးပြသွားတယ်။ လူကြီးဖြစ်လာတော့မယ့်အရွယ်မှာ အိမ်လိပ်စာကိုတော့သိသင့်တာပေါ့လေ။ ဂျေဂျေးက အရမ်းလှတဲ့သူငယ်ချင်းမလို့ ထပ်ခင်ချင်ရုံပါပဲ။ စစချင်းနေ့လေးမှာ အဲ့လိုဖြစ်‌ခဲ့ပေမယ့် ဆောင်းဟွန်းဟွန်းရဲ့သူငယ်ချင်း ရှင်းမ် ဂျယ် ယွန်း နဲ့တော့ များကြီးပျော်ရတယ်။

러블리 쫑♡Where stories live. Discover now