Love You (Chenji)

741 75 10
                                    

Unicode

Concerts ကအပြန် ကားပေါ်က အရင်ဆုံးထော့နဲ့နဲ့ နှင့် ဆင်းသွားတဲ့ကောင်လေးကြောင့် Jisung လက်ထဲက လက်ဆွဲအိတ်လေးယူကာ ကားပေါ်မှအမြန်ဆင်းပြေးရင်းရှေ့ကကောင်လေးနောက်ကိုပြေးလိုက်သွားရသည်။

"Chenle ငါရှင်းပြမယ်"

သူအနောက်ကနေ Chenleရဲ့လက်ကောက်ဝတ်ဖြူဖြူနုနုလေးတွေကိုဆုပ်ကိုင်လိုက်သည်။

Tshirtအဖြူရိုးရိုးရှင်းရှင်းလေးနဲ့ Makeup ဖျက်ထားခါစ Chenle မျက်နှာကြည်ကြည်လေးက သူ့ကိုတောင်သေခြာပြန်မကြည့်တော့...။ Jisung ကိုင်ထားတဲ့လက်ကို ရုန်းထွက်ပြီး ဖြုတ်ချကာ အခန်းထဲဝင်သွားသည်။

နောက်က လိုက်ဝင်လာတဲ့Mark hygက ကျန်နေခဲ့တဲ့ Jisungကို ပုခုံးပုတ်ပေးပြီး ခေါင်းအသာငြိမ့်ပြသည်။

"Park Jisungတို့ ပြသာနာကို မီးမထွန်းပဲAuto ရှာခဲ့တာကိုးး"

နောက်က ဝင်လာတဲ့ Haechan Hyg ရဲ့စကားကိုလဲ Jisung ပြန်မတုန့်ပြန်ဖြစ် ခေါင်းသာငုံ့ထားရင်း အပြစ်ရှိသလိုငြိမ်ခံနေလေသည်။

"ဘာဖြစ်တာလဲ ဘာဖြစ်တာလဲ"

ပွဲအပြီးJisungတို့နဲ့ လူစုကွဲသွားတဲ့ Jenoက တခြားကားတစ်စီးပေါ်က ဆင်းလာလာချင်း လက်ထဲက အထုတ်တွေချရင်း သူ့ညီလေးမျက်နှာမကောင်းတာကိုကြည့်ပြီး အသည်းအသန်မေးလာသည်။

Jeno အမေးကို Jisung မဖြေချင်စွာနဲ့ ဘေးကဆိုဖာပေါ် ထိုင်ချလိုက်သည်။ Jenoက Markကို မျက်စ ပစ်ပြတော့ Markက Jenoကို ဂုတ်ကသိုင်းဖက်ကာ မီးဖိုခန်းထဲခေါ်သွားသည်။

"Chenleကို အော်လိုက်တာထင်တယ်။ ငါလည်းသေခြာမသိဘူး ငါအဝတ်လဲခန်းက ထွက်လာတော့ Chenleက ရပ်နေတာ။ Jisung က မိတ်ကပ်ဖျက်​နေရင်း မှန်ရှေ့ထိုင်နေတာ ငါအဝတ်လဲပြီးထွက်လာတော့ လော့လော့က Jisungnee ကို စိတ်တိုနေတာပဲ မျက်လုံးတွေလဲ နီရဲလို့"

"မဟုတ်ဘူး Jisungက အော်ရုံတင်မဟုတ်ဘူး Chenleပေးတဲ့ ရေဗူးကိုပါလွှင့်ပစ်လိုက်တာ "

နောက်က ရေခဲသေတ္တာဖွင့်ရင်း ရေထုတ်သောက်နေတဲ့ Jaeminဆီက အသံကြောင့် Jeno ပါးစပ်အဟောင်းသား ဖြစ်သွားရသည်။

"ဟယ်ချန်းနီးကအခု လော့လော့ဘက်က ဖြစ်နေတာ "

Markက ရေခဲသေတ္တာထဲက ပန်းသီးတစ်လုံး ထုတ်ကာ ရေဆေးရင်း ပြောသည်။

 NCT One Shot Collection (Zawgyi +Unicode) Where stories live. Discover now