723 Love 💓 (Noren)

482 41 6
                                    

ဖုန်းတစ်လုံးနဲ့ Twt ထဲဝင်ကြည့်နေတဲ့ ကောင်လေးအနား Jeno ရောက်သွားတော့ ကောင်လေးက ဖုန်း Screen ကိုအမြန်ပိတ်ချပစ်သည်။

"Renjun ah ငါနဲ့ ခဏလောက်လိုက်ခဲ့"

"ငါကဘာလို့လဲ"

"ပြောစရာရှိလို့"

ကုမ္ပဏီ ဝန်ထမ်းတွေရော Staff တွေရော makeup artist တွေရော ပြည့်ညက်နေတဲ့ရိုက်ကူးရေးအခန်းလေးကနေ Jeno ကရှေ့ကအရင်ထွက်သွားသည်။

သူတို့ကို နားချိန်ပေးထားတာကြောင့် ဟယ်ချန်းတို့က လည်း သူတို့အာရုံနဲ့သူတို့မို့ Jeno နောက်က လိုက်ထွက်သွားတဲ့ Renjun ကိုသူတို့မမြင်လိုက်။

"ဘာလဲ ဘာလဲ ခဏနေ မန်နေဂျာHyg ငါတို့ကိုရှာနေလိမ့်မယ်"

မကျဥ်းမကျယ်လှတဲ့ အရေးပေါ်လှေကား ထဲမှာ သူနဲ့ Jeno နှစ်ယောက်တည်းဆိုတဲ့အသိက တည်ငြိမ်နေတဲ့ Renjun နှလုံးသားကို ယိုင်လာစေသည်။

ခုန်နေတဲ့နှလုံးသားကို လျစ်လျူရှုထားပြီး သူ့ကိုခပ်ပြုံးနဲ့ငုံ့ကြည့်နေတဲ့Jeno က Makeup အကူနဲ့နှုတ်ခမ်းလေးတွေ ပန်းယောင်သန်းနေသလို..

"ဒီနေ့ 723 Day လေ မင်းသိလား "

" အဲ့ အဲ့တော့ ဘာဖြစ်လဲ အဲ့တာfan တွေသတ်မှတ်ထားတဲ့ရက်ပဲလေ"

"ငါ ဒီမနက် Twitter ဖွင့်ကတည်းက ငါ့NewFeedတစ်ခုလုံးမှာ ငါတို့နှစ်ယောက်ပုံတွေချည်းပဲ "

Jenoက ပြောရင်း သူ့ရှေ့တစ်လှမ်း တိုးလာတာကြောင့် ဒီနေရာခပ်ကျဥ်းကျဥ်းထဲ Renjunအယောင်ယောင်အမှားမှား နောက်ဆုတ်လိုက်သည်။

"ငါ မင်းကို ဒီပုံလေး Editမဟုတ်ပဲ မင်းရော ငါရော ကြည်ကြည်နူးနူး ငေးကြည့်နေခဲ့တဲ့ ပုံလေးပြချင်ခဲ့တာ"

Jenoက ပြောလည်းပြော သူ့ဖုန်းScreen လည်း ဖွင့်ပြတာကြောင့်Renjun မျက်လုံးလေးဝိုင်းစက်သွားရသည်။

ဒီပုံက Rainbow music truck ရိုက်နေတုန်းက သူတို့စကားပြောရင်း အမှတ်တမဲ့ ငေးကြည့်နေမိကြတဲ့ပုံလေးပဲ ။

ဒါဆိုပထမပုံကိုရော သူမြင်ပြီးလောက်ပြီပေါ့ Trend ဖြစ်နေတာကိုလေ ~

"အန္တရာယ်များလိုက်တာ Lee Jenoရယ် ဘာလို့ Wallpaper လည်း"

Renjunအသံကို ခပ်ကြိတ်ကြိတ်လေးလုပ်ပြောပြီး Jenoလက်မောင်းကို ဖတ်ခနဲ တစ်ချက်ရိုက်လိုက်သည်။

 NCT One Shot Collection (Zawgyi +Unicode) Where stories live. Discover now