A Little More(Dotae)

502 45 5
                                    

A Little More(Dotae)

One Shot

2022 October 10 ရက်နေ့ ကျောင်းသားဟောင်း တွေ့ဆုံပွဲ....

ကျောင်းတွေပိတ် ဘွဲ့တွေရသွားပြီးကတည်းက ကြားထဲမှာ မတွေ့ရသည်က 10စုနှစ်တစ်ခုနီးပါး နှစ်နီးပါးရှိပြီဖြစ်တဲ့ ငယ်သူငယ်ချင်းတွေ...။

တချို့တွေလည်း လုပ်ငန်းကိုယ်စီနဲ့ အဆင်ပြေပြေရှိနေကြပြီး တချို့ကလည်း မိသားကိုယ်စီနဲ့ ဖြစ်လို့နေပြီ...။

Taeyong ကိုယ်တိုင်လည်း ကျောင်းသားဟောင်းတွေ့ဆုံပွဲကို တက်ရောက်ဖို့ စိတ်ကူးမရှိခဲ့ပေမယ့် သူငယ်ချင်းလိုရော ညီအကိုလိုပါ ခင်လွန်းတဲ့ Yuta က အိမ်တိုင်ရာရောက် ကားနဲ့လာကြိုခြင်းကြောင့် အခု မြက်ခင်းပေါ်လေးမှာပဲ ပြင်ဆင်ထားတဲ့ Dinner ပွဲလေးကို သူရောက်ရှိနေခြင်းဖြစ်သည်။

ရိုးရှင်းတဲ့ စားပွဲဝိုင်းလေးတွေနဲ့အတူ ခပ်မှိန်မှိန်မီးလုံးငယ်လေးတွေက ညနေခင်းအလှကို ပိုလို့ ပံ့ပိုးပေးနေသလို အေးအေးချမ်းချမ်းကလေး...။

"ဟယ် ထယ်ယုံး...နင်လည်းလာတာလား "

"အင်း...ဆူမီ နင်အရင်ကထက် လှလာတယ်"

မိန်းကလေးသဘာဝ လှပါသည်လို့ ပြောလိုက်ရင်ကို အလိုလိုပြုံးသွားတတ်ကြသည်မို့ Taeyong လက်ထဲက ဝိုင်ခွက်လေးမြှောက်ကိုင်ကာ ဆူမီကို စ လိုက်သည်။

"ဟယ် ဟုတ်လို့လားဟယ်... ငါအခု ဒုတိယသားလေးမွေးပြီးကတည်းက ငါ့ကိုယ်ငါ ယုံကြည်မှု မရှိတော့တာ နင်အခုလိုပြောမှပဲ အားရှိတော့တယ်"

"ဟာ ဒုတိယသားလေးတောင် မွေးပြီလား နင်ကျောင်းတုန်းကပြောတော့ အပျိုကြီးလုပ်မှာဆို ငါ့ကိုချန်ခဲ့ရောပေါ့ "

"ဟဲ့ အဲ့တာ ကလေးတုန်းက ပေါက်ကရတွေပါဟယ်"

သူနဲ့ ဆူမီ ပြိုင်တူရယ်လိုက်ကြသည်။

"Yuta နဲ့ အတူလာတာလား"

"အင်းဟုတ်တယ် အခု အဲ့ကောင်ဟိုဘက်မှာ သောက်ဖို့သွားယူတယ် "

"အေးအေးဆေးဆေး နေအုံးပေါ့ ခနနေ Yuriတို့လဲလာလိမ့်မယ် "

"အေးအေး နင်လဲလုပ်စရာရှိတာ သွားလုပ်လေ "

 NCT One Shot Collection (Zawgyi +Unicode) Where stories live. Discover now