"မင်းကို ကားနဲ့တိုက်ပြီးသတ်လိုက်လို့ သေဒဏ်ကျမယ်ဆိုရင်တောင် တို့ဂရုမစိုက်ဘူး"
"သတ္တိတွေရှိနေတယ်ပေါ့ ဟုတ်လား"
ပန်းချီသည်ပြောရင်းနဲ့ပင်
ဆုပ်ကိုင်ထားတဲ့မြတ်ရဲ့လက်ကောက်ဝတ်
နေရာကို အတင်းဖိလိုက်သည်၊၊နာကျင်မှုကြောင့်မြတ်ရဲ့မျက်ဝန်းတွေ၌မျက်ရည်တွေတောင်ဝဲနေရှာသည်။စကားလုံးတွေနဲ့ဖိနှိပ်တဲ့ အမျိုးသမီးကိုပန်းချီသည် အကြောင့်မဲ့ နာကျင်အောင် နှိပ်စက်နေသည်က အဓိပ္ပါယ်တော့ရှိမနေပေ။
"လွှတ် နာတယ်။တို့လက်ကိုလွှတ်"
"မလွှတ်ဘူး။အခုနာကျင်ရတာထက် ပိုနာကျင်အောင်လုပ်ဦးမှာ"
ပန်းချီသည် မြတ်လက်ကို မဖယ်ပေးဘဲ ပို၍နာကျင်အောင် တင်းကြပ်စွာဖိထားလိုက်ပြန်သည်၊၊
မြတ်သည် ပန်းချီ့လက်မှလွတ်လို့လွတ်ငြား အတင်းရုန်းနေသော်လည်းမရုန်းထွက်နိုင်ပေ၊
"လွှတ်လို့ပြောနေတယ်နော် တို့လက်အရမ်းနာနေပြီ"
"ကောင်းပြီ။နောက်ဆိုရင် အဲ့လောက်သတ္တိတွေရှိပြမနေနဲ့"
လက်လွတ်လိုက်သည်နဲ့ မြတ်သည်အခန်းထဲက ထွက်မည်လုပ်ပြန်သည်၊၊သို့သော်လည်း မြတ်ကို ပန်းချီဟာအပြင်ကိုဘယ်လိုမှပေးမထွက်ပေ။ ဒီလောက်လေး မြတ်နာကျင်နေတာကို ပန်းချီမကျေနပ်နိုင်သေးပေ။
"မသွားရဘူးလို့ ပြောနေတယ်"
"သွားမှာ မင်းတားလည်း သွားမှာပဲ"
မြတ်ထွက်သွားမည်လုပ်တော့ ပန်းချီဟာ ခြေထောက်နာတာကိုပင်မမှုတော့ဘဲ အခန်းတံခါးကို မြန်မြန်လော့ခ်ချလိုက်လေသည်။
"မင်းပြောတော့ မင်းခြေထောက်နာနေတာတာဆို။အခုတော့ မင်းက တို့ကို ဒုက္ခလိုက်ပေးနေတာပဲ တိမ်ပန်းချီမောင်"
"ဒါဒုက္ခမဟုတ်ပါဘူး"
"အဲ့ဒါဆိုဘာလဲ။အခုချက်ချင်းတံခါးဖွင့်ပေး တို့ပြန်မယ်"
"မဖွင့်ပေးဘူး။နောက်ပြီး ကျွန်မခြေထောက်ဒဏ်ရာမပျောက်မချင်း ဒီမှာတစ်ပတ်နေပေးရမယ်"
ESTÁS LEYENDO
"နှလုံးသား၏ စေခိုင်းရာ"(Completed)
Ficción General"ရှင့်ကိုသိပ်မုန်းတယ် ဒေါ်မြတ်သဒ္ဒါသွေး"
