Restart (Nomin)

484 44 0
                                    

Unicode

J'group ရဲ့ CEO Lee Jeno

J ' group ရဲ့ CEO Lee Jeno ရုပ်ရည်မှာပြောစရာမရှိလောက်အောင်ချောမောပြီး အစစအရာရာပြည့်စုံပေမယ့်...

"ဖြောင်း....!''

"အလုပ်ကိုသေခြာမလုပ်ဘူး ဒီမှာ ငါ့ဘယ်လောက်တောင်ဒုက္ခရောက်ခဲ့ရသလဲ သိလား!မိန်းကလေးဆိုပြီးအလျှော့ပေးမယ်အထင်နဲ့ ဒီကုမ္ပဏီမှာအလုပ်လာလုပ်တာဆိုရင်တော့ မင်းအတွေးကအရမ်း ဒိတ်အောက် သွားပြီ.... "

CEO Lee ဆိုသည်မှာ ဝန်ထမ်းက အမျိုးသမီးဖြစ်နေပါစေအုံးတော့ သူ့အလုပ်ထဲ မလိုအပ်တဲ့အမှိုက်တွေဆိုရင် ဒီလိုအပြစ်ပေးတဲ့သူမျိုး...

အခုအတွင်းရေးမှူးဖြစ်သူရဲ့ မျက်နှာကို လက်ထဲက ဖိုင်တွဲနဲ့ ရိုက်ပစ်လိုက်တာကြောင့် နီရဲသွားသည့်ပါးကို ကိုင်ကာ အတွင်းရေးမှူးက ငိုလို့နေသည်။

"ကျွန်မတောင်းပန်ပါတယ် တစ်ခါလောက်ပဲခွင့်လွှတ်ပေးပါရှင်...''

ဒါပေမယ့် CEO Lee က မျက်ရည်ကျတာတွေကိုပိုမုန်းတဲ့သူ...

"မနက်ဖြန် မင်းအလုပ်လာစရာမလိုတော့ဘူး Kim Haeyong "

''သူဌေး...''

ဒူးထောက်ထိုင်ချလိုက်တဲ့ အတွင်းရေးမှူးဖြစ်သူ Haeyongကို Jeno နဲနဲလေးမှ မသနားပါ...

သူ့ခုံမှာ​ပဲ​ အေးဆေးထိုင်နေရင်း ကြိုးဖုန်းက autoခလုတ်ကို နှိပ်လိုက်ကာ လုံခြုံရေးတွေကို ဆွဲထုတ်သွားဖို့ အမိန့်ပေးလိုက်သည်။

___________________

နေ့လည်စာ စားဖို့ ထွက်လာတဲ့ CEO Lee Jeno ကြောင့် ရုံးဝန်ထမ်းတွေအကုန် ကိုယ့်စားပွဲမှာကိုယ် ငြိမ်နေကြရပြီး အပ် ကျသံပင် မကြားရလောက်အောင်တိတ်ဆိတ်သွားကြသည်။

"မန်နေဂျာ Park !''

သူဌေးခေါ်သံအဆုံးမှာ ထရပ်လိုက်တဲ့ မန်နေဂျာ Park

''ဟုတ်ကဲ့သူဌေး...''

''အခုလက်ရှိ အတွင်းရေးမှူး Kimအစား လူစားထိုးဖို့ မနက်ဖြန် လူသစ်တစ်ယောက် ချက်ချင်းရှာထား ''

"ဟုတ်..ဟုတ်ကဲ့ သူဌေး''

CEO Jeno အခန်းထဲက အပြင်ရောက်သွားတာသေခြာမှ အားလုံးက သက်ပြင်းချနိုင်ကြသည်။

 NCT One Shot Collection (Zawgyi +Unicode) Where stories live. Discover now