Special Extra - KoeKoe's BD (Unicode)

11.4K 963 159
                                    


နေရောင်သည် တမျှင်ချင်းစိတ်ဖြာကျနေသော ယူကလစ်ပင်၏အရွက်များကြားမှ လူးလွန့်ကာ ဖိတ်စဉ်ကျနေသည်။ ညနေသုံးနာရီကျော်လို့ နေချိုချိန်ရောက်ပြီဆိုပေမဲ့ ပူပြင်းလွန်းလှသည်။ မခံနိုင်လို့ ဟိုနေရာတိုး၊ သည်နေရာရွှေ့ကြည့်သော်လည်း မခြားနား။ နေရောင်အောက်က မလွတ်နိုင်သော ဘုန်းလျှံမောင်မှာ နေညာသီးကဲ့သို့ ဖြစ်နေလေပြီ။

'မလာသေးဘူးလား ကိုးကိုးရာ'

ခပ်ညည်းညည်းရေရွတ်မိပေမဲ့ မျှော်နေသူကား ပေါ်မလာသေး။ သည်တော့ လက်တစ်ဖက်ကကျောပိုးအိတ်ကို အနောက်သိုင်း၊ ဝတ်ထားသည့်ပုဆိုးစကို ဒူးထိဆွဲမ,ကာ ငုတ်တုပ်ထိုင်ချလိုက်တော့သည်။ ပြီးမှ လည်ပင်းကိုအစ်နေစေသည့် စတစ်ကော်လာက ကြယ်သီးတစ်လုံးကိုဖြုတ်၊ လက်ကိုင်ပါဝါကိုထုတ်ပြီး နဖူးပေါ်အနှံ့သုတ်ရ၏။ အောက်တိုဘာ၏ရာသီဥတုက မိုးရွာလို့ အေးချင်လျှင်တော့စွတ်အေးပြီး ပူချင်လျှင်လည်း အခုလိုချွေးသီးချွေးပေါက် ဖြိုင်ဖြိုင်ကျသည်ထိ။

'လူကြီးမင်းခေါ်ဆိုသော တယ်လီဖုန်းမှာ သတ်မှတ်ချိန်အတွင်း ပြန်လည်ဖြေကြားခြင်း မရှိပါသဖြင့် ခေတ္တစောင့်ဆိုင်း...'

"မစောင့်ဆိုင်းနိုင်တော့ဘူးဟေး၊ ပုဆိုးကြီးနဲ့ ပူလှပြီ"

စိတ်တိုတိုနှင့်ရေရွတ်လိုက်တော့ ပလက်ဖောင်းဘေးလျှောက်သွားသော တိုက်ပုံနှင့်လူနှစ်ယောက်က ဘုန်းလျှံကို ရယ်သွမ်းသွေးကာ လှည့်ကြည့်သွားကြသည်။ ထိုသူတို့သာမက အခြားအခြားသော သင်တန်းလာတက်သူတွေကလည်း ပြန်ခါနီးကို ပြုံးစိစိဖြင့်။

ဟုတ်ပါသည်၊ ဘုန်းလျှံတစ်ယောက် ဖောင်ကြီးရှိ ဗဟိုဝန်ထမ်းတက္ကသိုလ်တွင် အရာထမ်းသင်တန်းလာတက်နေရတာ တစ်လလောက်ပင်ရှိပြီ။ အကြောင်းက မေမေကြီး၏ တစ်ချက်လွှတ်အမိန့်၊ တစ်နည်းဆိုရလျှင် မေမေကြီး၏ ရည်သန်စိတ်ကြောင့်ပါပဲ။ မိမိတို့စော်ဘွားနွယ် တရားရေးအမတ်၏မျိုးဆက်သည် ငွေရယ်ကြေးရယ် များများမကြွယ်ဝစေဦးတော့ တစ်နေ့ ပြည်သူ့အကျိုးသယ်ပိုးတဲ့ ပြည်သူ့ဝန်ထမ်းဖြစ်ဖို့၊ သီပေါမြို့နယ်ဆေးရုံကြီးမှာ မြို့ခံတွေလေးစားရိုသေရတဲ့ ဆရာဝန်ကြီးတစ်ယောက်ဖြစ်ဖို့ မေမေကြီးဆန္ဒ ပြင်းပြရှာသတဲ့လေ။

သင်္ကြန်မောင်Where stories live. Discover now