First love is you (Henxiao)

343 35 0
                                    

Unicode

Xiao.......

Xiao က နာမည် တစ်လုံးတည်းနဲ့ တလောကလုံးကို ပိုင်စားရထားတဲ့ နတ်သားငယ်....

အ​မေဖြစ်သူက တရုတ်ပြည်မကြီးရဲ့ အကျော်ကြားဆုံး အလှကုန် ကုမ္ပဏီ ကသူဌေးဖြစ်ပြီး အဖေ ဖြစ်သူက Korea နိုင်ငံရဲ့ အကြီးမားဆုံး ဆေးရုံကိုဦးစီးနေတဲ့ ပါမောက္ခဆရာဝန်တစ်ယောက်ဖြစ်တယ်...

အဲ့လို မိသားစုမိဘမျိုးက မွေးဖွားလာခဲ့တဲ့ Xiaoဟာ အဘက်ဘက်က ပြည့်စုံတဲ့ လူသားလေးတစ်ယောက်ဖြစ်နေသည်မှာမဆန်းချေ...

ကျောင်းမှာဆိုရင် Xiao ကို အပေါင်းအသင်းလုပ်ချင်တဲ့သူ သိပ်များတယ်။ကောင်မလေးတွေဘက်က စပေးတတ်တဲ့ ရည်းစားစာတွေကိုလည်း Xiao က အပြုံးချိုချိုလေးတွေနဲ့အမြဲလက်ခံပေးတတ်သေးတယ်။

အသက် 22နှစ် ရှိပြီဖြစ်တဲ့ Xiaoဟာ အခုချိန်အထိ ဘယ်သူ့ကိုမှ ရင်မခုန်ခဲ့ဘူးသလို ပိုက်ဆံရှိတဲ့အသိုင်းအဝိုင်းက ဖြစ်တာကြောင့် အပျော်အပျက်ကိစ္စမျိုးတွေကိုလည်း လုပ်ဖို့သူဝါသနာမပါခဲ့....

အနေအေးပြီး စာကြိုးစားတဲ့ Xiao ဟာ...အဖေဖြစ်သူလိုမျိုး ဆရာဝန်တစ်ယောက်ဖြစ်ချင်တာကလွဲရင် သူ့ဘဝမှာ ထွေထွေထူးထူး ဖြစ်ချင်ခဲ့တာဘာမှမရှိ...

"Xiaoရေ...ဆရာ့အိမ်မှာ မနက်ဖြန်ည ညစာ စားပွဲရှိလို့ လာခဲ့အုံးနော် "

Xiao ကို ဆရာ/ဆရာမတွေက ငြင်းမရလောက်အောင်အထိ ချစ်ခင်ကြတယ်။ အနေအေးတဲ့ Xiao က မိဘဆရာအပေါ်လဲ ရိုသေပြီး ပြောစကားနားထောင်တတ်တဲ့ လူလိမ္မာလေးဖြစ်တာကြောင့် လူကြီးသူမတွေကအစ Xiao ကိုဆို အလေးပေးပြီး တခြားကလေးတွေထက်ပိုဂရုစိုက်တတ်သေးတယ်။

အခုလည်း Physics သင်တဲ့ဆရာက ညစာစားပွဲအတွက် Xiao ကို ဖိတ်စာလေးလက်ထဲထည့်ပေးတာကြောင့် Xiao အပြုံးချိုချိုလေးတွေထုတ်သုံးကာ ခေါင်းလေးအသာငြိမ့်ပြလိုက်တယ် ။

"Xiao Ge Ge ''

နောက်က ပြေးလာတဲ့ ခြေသံလေးနဲ့ မတိုးလွန်း မကျယ်လွန်းတဲ့ တရုတ်သံလေးကြောင့် Xiao က လှည့်ကြည့်လိုက်မိတော့ အရင်တစ်ပတ်ကမှ သူ့ကို စာအိတ်လှလှကလေးနဲ့ သူ့ကို ချစ်တဲ့အကြောင်းဖွဲ့သီရေးပေးထားတဲ့ စာပိုင်ရှင်ကလေး....

 NCT One Shot Collection (Zawgyi +Unicode) Where stories live. Discover now