Chapter(24)U+Z

421 86 3
                                    

Chapter(24)
ဝက်စုဘူး

ကျန်းရီဖေးက ရေခဲသေတ္တာထဲက ရေခဲချောင်းတစ်ချောင်းလိုအေးခဲသွားတယ်။လင်းယုတုန်ကို ဝန်ခံဖို့နည်းလမ်းပေါင်းများစွာကို စိတ်ကူးထားတာကြောင့် မမျှော်လင့်ဘဲ လင်းယုတုန်က ပထမဦးဆုံးမေးလာမယ့်သူဟု မမျှော်လင့်ထားတာကြောင့် သူဖြေဖို့ရာတောင့်တင်းနေမိတယ်။

ဒီလိုမြင်ကွင်းက သူစီစဉ်ထားတာကနေ လုံးဝကိုကွဲထွက်နေတယ်။

ကျန်းရီဖေးက သူ့နှလုံးသားထဲမှာ တိတ်တဆိတ် စီစဉ်ခဲ့တယ်။ရလဒ်အနေနှင့် စကားလုံးပေါင်းထောင်ချီသည် "အင်း"ဟူသည့်စကားလုံးတစ်လုံးတည်းသာဖြစ်ပေါ်လာတယ်။

လင်းယုတုန် မေးစေ့ကို လက်တစ်ဖက်နှင့်ပွတ်ရင်း စိတ်ဝင်စားလာတယ်။ကျန်းရီဖေးကို ပေါ့ပါးစွာ မေးလိုက်တယ် "ဟမ်!"

ကျန်းရီဖေးသည် လင်းယုတုန်၏မျက်နှာပေါ်မှာ ရွံ့ရှာသည့်အရိပါအယောင်မရှိတာကို မြင်လိုက်ရတယ်။သူက ရုတ်တရက် စိတ်ပြောင်းသွားပြီး "ကိုယ့်ဘဝမှာ အချစ်ဦးတစ်ယောက်သာ သတိရချင်တယ်။ကိုယ် မင်းတစ်ယောက်ထဲကိုသာချစ်ပြီး မင်းတစ်ယောက်ထဲကိုသာ လက်ထပ်ချင်တယ်"

သူက ပြောပြီး သူ့ညာလက်ကိုတန့်ပြီး လင်းယုတုန်၏ပါးကို ညင်သာစွာထိတွေ့ပြီး လင်းယုတုန်၏မျက်ဝန်းထဲကိုစိုက်ကြည့်ရင်း သူ့ကိုယုံကြည်ပြီး အာရုံစူးစိုက်မှုရှိစေရန် ကြိုးစားလျက် ပြောလိုက်တယ် "ဒီတော့ တုန်တုန်လိုချင်လား?"

လင်းယုတုန်က စကားမပြော ကျန်းရီဖေးကို ပြန်ကြည့်ပြီး သူ့မျက်ဝန်းတွေက နည်းနည်းရှုပ်ထွေးနေတယ်။ကျန်းရီဖေးလုပ်တာကို မကြိုက်တာကြောင့် မဟုတ်ဘဲ ရှန်ကျူနှင့်အတွေ့အကြုံကြောင့် စိတ်ပိုင်းဆိုင်ရာ အဆင်မပြေမှုကြောင့်ဖြစ်တယ်။သူ နောက်ထပ် အချစ်ရေးတစ်ခုကို မြန်မြန်ဆန်ဆန် ဝင်ရောက်နိုင်လားဆိုတာ မသေချာဘူး။

အဖြေကို စောင့်နေသည့် ကျန်းရီဖေးက မတုံ့ပြန်တာကြောင့် စိတ်မပျက်ဘဲမနေနိုင်ဘူး။ဒါပေမဲ့ သူ့လက်ကို ဖယ်လိုက်တဲ့အခါ လင်းယုတုန်က သူ့လက်ကိုကိုင်လိုက်တယ်။

ရွှေရောင်လွှမ်းသောလက်ထပ်ခြင်း(ပြန်လည်မွေးဖွာခြင်း)  ရွှေရောင်လွှမ်းသောလက်ထပ်ခြင်းWhere stories live. Discover now