Part-1

1.2K 96 32
                                    


အတွင်းဘက်နံရံတွေကစ တလက်လက်ထပြီး တောက်ပြောင်နေတဲ့ အိမ်အကြီးကြီးရဲ့ ဧည့်ခန်းထဲမှာ appa ရယ်။ Appa ခဏခဏပြောနေကျ သူငယ်ချင်းဆိုတဲ့သူရယ် ။ နောက်တစ်ယောက်က ကျွန်တော့်ထက်ငယ်လောက်မယ်ထင်တယ် သေးသေးကွေးကွေးလေး တစ်ယောက်ရယ်

ထိုလူ၃ယောက်ကို ကျော်ပြီးအပေါ်ထပ်ကအခန်းထဲသွားမယ်လုပ်ခဲ့ပေမယ့် ဘယ်လိုမြင်သွားလဲမသိ တဲ့ Appa က

"So Junghwan လာဦး ''

"Ahh Nae appa''

မျက်နှာအနည်းငယ်မဲ့သွားတာ ဘယ်လိုမြင်လဲမသိ။

"အဲ့မျက်နှာထားပြင်ပြီး ဒီမှာလာထိုင် မိတ်ဆက်ပေးမယ်''

Appa က မျက်စောင်းထိုးခုံတစ်ခုကိုလက်ညှိုးထိုးပြရင်းလာထိုင်ခိုင်းသည်။

မိတ်ဆက်ပေးမယ်တဲ့ နောက်ကျောပြင်သာမြင်ရပေမယ့် အဲ့သေးသေးကွေးကွေးက ကောင်လေးဖြစ်မယ်ဆိုတာမပြောလဲသိသည်။

' မိတ်မဆက်ချင်ပါဘူး ကောင်မလေးလဲမဟုတ်ဘဲ'

စိတ်ထဲကနေပဲ ပွစိပွစိလုပ်ရင်း Appa ပြောတဲ့ ခုံမှာဝင်ထိုင်လိုက်သည်။ မထိုင်လို့လဲမရဘူးလေ လုပ်ချင်တာလုပ်ပေမယ့် Appa ကိုတော့ကြောက် ရတာအမှန် ။ Appa တစ်ခါရိုက်ရင် တစ်လလောက်လမ်းကောင်းကောင်းလျှောက်လို့မရဘူး ။ အဲ့နေ့ကစပြီး SoJunghwan တို့ Appa မသိအောင်ပဲဆိုးတော့တယ်။

"ဒါကတော့ သားဖြစ်သူ SoJunghwan... Hwanah ဒီဘက်က Appa သူငယ်ချင်း KimTaeHee ''

"Nae အာန်ညော်ဟာဆယ်ယို ''

Junghwan ကခေါင်းငြိမ့်ပြပြီး မျက်နှာချင်းဆိုင် အနေထားဖြစ်နေတဲ့ ငြိမ်ကုတ်လှတဲ့သေးသေးကွေးကွေးကိုတချက်ကြည့်လိုက်သည်။

ဆံပင်အုပ်အုပ်လေးတွေ မျက်လုံးဝိုင်းဝိုင်းလေးတွေနဲ့အတူ ပြည့်ပြည့်ဖောင်းဖောင်းပါးလေးတွေပါရှိတော့ တကယ်အူယားစရာ။ စေ့ထားတဲ့နှုတ်ခမ်းဖူးဖူးလေးတွေဆို နီတာရဲ

အယ်!! မဟုတ်သေးပါဘူး သူက မွေးကင်းစကလေးနဲ့ပိုတူနေတာမဟုတ်ဘူးလား?

ကျွန်တော်စိုက်ကြည့်နေတာကို ထိုပေါက်စက သတိထားမိဟန်တူပါတယ် ပါး၂ဖက်က အရောင်ပိုရင့်ပြီး မျက်တောင်တွေကလည်းတဖျပ်ဖျပ်

𝑪𝑹𝑶𝑺𝑺 𝑳𝑰𝑵𝑬_[Completed]Where stories live. Discover now