1.3K 77 39
                                    

ပြန်မတွေးဖြစ်တော့မဲ့ အမှတ်တရတွေရှိသလို ပြန်ပြီးဖွင့်မကြည့်ဖြစ်တော့မဲ့ ဒိုင်ယာရီစာအုပ်တစ်အုပ်လည်း ရှိခဲ့တယ်။

အသက်30ဆိုတာ ရင့်ကျက်သလောက် ရင့်ကျက်နေတဲ့အရွယ်...

ဘေးနားက ဂျူနီယာလေးတွေက ကိုယ့်ကိုစံထားပြီး တတ်သမျှပညာတွေကို ဝေမျှပေးဖို့ လာတောင်းဆိုနေတတ်ကြပြီ။ တကယ်တော့ ဒီကိစ္စတွေက တစ်ချိန်က သူလုပ်ခဲ့ဖူးတဲ့ အရာတွေ...

တန်ဖိုးထားဖို့ တစ်စုံတစ်ယောက်ကိုလည်း ပိုင်ဆိုင်ခဲ့ဖူးပြီဖြစ်သလို တန်ဖိုးထားခံရတဲ့ တစ်စုံတစ်ယောက်အဖြစ်နဲ့လည်း သူ ရပ်တည်ခဲ့ဖူးပြီ။

ကိုရီးယားမြေက လေကို တဝကြီးရှူပြီး လက်လေးနဲ့ခလုတ်ကိုဖိနှိပ်လိုက်တော့ ကင်မရာမျက်နှာပြင်မှာ မာလာရီမြက်ခင်းပြင်ကြီးရဲ့ မြရာပင်ကြီးတစ်ပင်က ထင်းလင်းစွာ ပေါ်လာတယ်။

"အင်း ပုံထွက်ကောင်းတာပဲ"

"သတင်းထူး သတင်းထူး!!"

တက္ကသိုလ်ဝန်းရဲ့ မိန်းလမ်းမထက်က မြက်ခင်းပြင်မှာ ထိုင်နေတဲ့ ကျွန်တော့်ဆီ လူတစ်​​ယောက် ပြေးလာတယ်။ ကျောင်းသားဟောင်းများတွေ့ဆုံပွဲရှိတာကြောင့် ပြန်လည်ခြေမချဖြစ်တော့တဲ့ ဒီမြေကို ထပ်မံခြေချမိရတဲ့အခါ ဝန်လေးတယ်။

အမောတကော ပြေးလာသူ။ ချစ်ရတဲ့ သူငယ်ချင်း Yoon Jaehyuk ဟာ အရင်လိုပါပဲ ခပ်ပေါပေါခပ်ကြောင်ကြောင်နဲ့။

"ဖြေးဖြေးလာပါတော့လား"

"သူ ပြန်ရောက်နေပြီတဲ့ Jeongwoo"

"ဘယ်သူ...."

"မင်းရဲ့..."

မျက်ဝန်းတွေဟာ စကားပြောနေခဲ့မှန်းသိတာမို့ လက်တားပြီးဟန့်ကာ ဆက်မပြောဖို့ တောင်းဆိုလိုက်တယ်။ ရင်ထဲ လှိုက်တက်လာတဲ့ လျှပ်စီးကြောင်းလေးရဲ့ တရားခံကို ထပ်ပြီးတွေ့ရတော့မှာဆိုသော အသိဟာ နှလုံးရောဂါကိုပြန်အစပျိုးစေတဲ့အထိ နက်ရှိုင်းသည်။

တုန်ယင်လာတဲ့လက်အစုံဟာလည်း ဂျပန်ကင်မရာလေးကိုပြုတ်မကျသွားအောင် ထိန်းထားဖို့ အတော်ခက်ခဲနေခဲ့ပြီ။

ɴ ᴇ ᴠ ᴇ ʀ • ʳᵘʲᵉᵒⁿᵍʰʷᵃⁿWhere stories live. Discover now