"ကိုယ်ဒီနေ့အိမ်မက်မက်တယ် အိမ်မက်ထဲမှာကိုယ်က လူရိုင်းမျိုးနွယ်စုတွေစုဝေးပြီး နတ်ဘုရားပွဲတော်ကျင်းပတဲ့နေရာကိုရောက်နေတာ ကိုယ်ကမျိုးနွယ်စုခေါင်းဆောင်ရဲ့သမီးကိုယ့်မှာ ညီမတစ်ယောက်လည်းရှိတယ် နတ်ဘုရားပူဇော်ပွဲကျင်းပပြီးတဲ့နောက်လူးကြီးတွေက အသောက်အစားပဲဲဖစ်နေတဲ့အချိန်ကိုယ်ကတော့ စားပွဲတစ်လုံးမှာထိုင်နေပြီး သကာရည်အုပ်ထားတဲ့သကြားသီးတွေထိုင်စားနေတာ ကိုယ့်ညီမလည်းဘေးမှာထိုင်နေတယ် အာ့အချိန်ကိုယ်တို့ စားပွဲရဲ့မျက်နှာချင်းဆိုင်တစ်ဖက်မှာ ကောင်လေးတွေလာထိုင်ကြတယ် ကိုယ့်လိုမျိးနွယ်စုခေါင်းဆောင်တွေရဲ့သားတွေသမီးတွေဖြစ်မယ်ထင်တယ် အာ့အချိန်ကိုယ့်မျက်နှာချင်းဆိုင်ထောင့်မှာလာထိုင်တဲ့ အသားညိုညိုနဲ့ ကိုယ့်ထက်နည်းနည်းအသက်ကြီးလောက်မယ့် အစ်ကိုကြီးက ကိုယ့်ကိုထိုင်ကြည့်နေတယ်" ရင်ခုန်လိုက်တာ စားနေတဲ့မုန့်တောင် စားရမှာရှက်သွားပြီ ဘေးနားကညီမကလည်းအလိုက်မသိ ငြိမ်ငြိမ်မနေဘူး မျက်ခုံးတပင့်ပင့်နဲ့ အချက်ပြနေတယ် ငါသိတယ်ဟဲ့ရှက်လို့ "ကိုယ့်မှာစားနေတဲ့မုန့်တောင်ဘာအရသာမှန်းမသိတော့တဲ့အထိဘဲ ရင်တွေခုန်လိုက်တာ ကိုယ်ကဆယ်ကျော်သက်လေးဆိုတော့ ကိုယ့်ကိုကြိုက်တဲ့သူတွေရှိပေမဲ့ ဒီလိုမျက််နှာချင်းဆိုင် ဆိုက်ကြည့်နေတာမဟုတ်ဖူးလေ ရုပ်ကလည်းရှယ်ချောတာဆိုတော့ အိမ်မက်ဆိုတာတောင်မသိတော့ဘူး ရင်တွေခုန်တာဆိုတာ နောက်ကြ စားပွဲသိမ်းချိန်လည်းရောက်ရော သူက ကိုယ်တို့မျိုးနွယ်စုထဲက ကိုယ့်မောင်လေးလိုခင်ရတဲ့သူကို လည်ပင်းကိုဓားနဲ့ဖြတ်ပြီးသတ်လိုက်တယ် ပြီးတော့သူပြောတာက မျိးနွယ်စုရဲ့ဆက်ခံသူနေရာလိုချင် ခိုးချောင်ခိုးဝှက်အဆိတ်မခတ်ဘဲ ကိုယ်တိုင်လာတိုက်လို့ပြောတယ် ကိုယ်ကတော့စိတ်ထဲသူ့ကိုမုန်းသွားတာ ကိုယ့်မောင်လိုခင်ရတဲ့သူလေ ကိုယ်သူ့ကိုသတ်နိုင်ရမယ်လို့တွေးလိုကတ်ယ် ကိုယ့်မှာလက်နက်အနေနဲ့ အသံမထွက်တဲ့ကော်ဘရိတ်ဓားအဝါလေးကိုလက်ထဲအမြဲကိုင်ထားပြီး သူကိုယ့်အနားကပ်လာတိုင်းကိုယ့်ဓားလေးက သူ့လည်ပင်းနားရောက်သွားတတ်ပြီး သူကလည်းမမူပါဘူး ကိုယ့်ကိုသတ်နိုင်ရင်သတ်တဲ့ ဒီနောက်ပိုင်းသူကိုယ့်ကို ပန်းတွေ မုန့်တွေလာပေးတိုင်းကိုယ့်ဓားက သူ့လည်ပင်းနားရောက်သွားရင်တောင် ကိုယ့်ကိုဆက်ပြီး ပိုးပန်းနေတုန်းဘဲ ဘယ်မိန်းကလေးက သေစေနိုင်တဲ့နေရာ ဓားထောက်ထားတဲ့အချိန်တောင် ဖလစ်နိုင်တဲ့သူကိုမကြွေဘဲနေမှာလည်း ကိုယ်တို့တဖြည်းဖြည်း အရွယ်ရောက်လာတဲ့အချိန်ကြ ကိုယ်ကသူနဲ့ချစ်သူရည်းစားတွေဖြစ်နေပြီ ကိုယ်တို့လူမမြင်ကွယ်ရာမှာနွေဦးရောက်တဲ့ အချိန်တောင် ရှိနေပြိရယ် ဒါပေမဲ့ ကိုယ့်မိဘတွေကတော့ သူကို မကြိုက်သလို ကိုယ်တွေကိုသဘောမတူကြဘူး ကိုယ်တို့ကိုခွဲလိုက်ကြတယ် နောက်အိမ်မက်တစ်ဆက်ထပ်ပြီးတော့မက်တယ် ဒီအိမ်မက်ထဲ ကိုယ်တို့နှစ်ယောက်ဝေးသလိုဖြစ်နေပေမဲ့ ကိုယ်တို့နှစ်ယောက်ညားကိုညားမှာ ကလေး နှစ်ယောက်လည်းယူမှာ 😁💓
Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
YOU ARE READING
အိမ်မက်
Fantasyကိုယ်မက်ခဲ့တဲ့ မမေ့ပျောက်ချင်တဲ့အိမ်မက်လှလှလေးတွေကိုရေးမှာ ဖုန်းပျောက်ခဲ့ရင်တောင်wpမှာကျန်ခဲ့မှာဘဲဆိုတဲ့စိတ်နဲ့ ရေးထားတာပါ ဝင်မဖတ်ကြပါနဲ့😁
