One Shot 🖤

248 8 0
                                    

“မောင် . . . . ”

One Shot (နွေဦးကံ့ကော်)

---------------------------

သူ့ နာမည်က “ခန့်ဝေလွင်” ။

သူ့ရုပ်က တည်ကြည်ရှင်းသန့်သောမျက်နှာထား ၊ ပါးပေါ်ကပါးချိုင့်လေးရယ်နဲ့ အလွန်ကြည့်ကောင်းသော ရုပ်ကလေးဖြစ်သည် ။ သူ၏ မျက်လုံးအညိုရောင်တို့မှာ အထူးခြားဆုံးဖြစ်ပြီး ။ နှာတံလေးကလည်းဆင်းကာ သွယ်တန်းနေပြီး နူတ်ခမ်း လေးကလည်း လေးကိုင်းလေးလို ပုံကျလှပသည် ။ အသားဖြူဖြူနှင့်အရပ်အမောင်းဒေါင်ကောင်းသောသူဖြစ်၏ ။ ‌ဒါကြောင့် သူဟာ လူချောလေးတစ်ယောက်ဖြစ်သည် ။ သို့သော် မည်သို့ပင်ရုပ်က ‌ချောမောနေစေကာမူ သူ့ မိသားစုက ဆင်းရဲသည် ။ သူ့
အဖေက ပင်စင်စား ၊ အမေက ကုန်စိမ်းဈေးသည် ဖြစ်သည် ။ သူ့၏ သနားကမားရုပ်ရည်အရ လူချစ်လူခင်များသည် ။အထူးသဖြင့် ကောင်မလေးတွေ သူ့အနားမှာ ဝိုင်းဝိုင်းလည်နေသည်……။

သူကလည်း ဒါကိုပဲ ကျေနပ်သာယာနေကာ အချစ်ပင်လယ်ထဲမှာ အလိုက်သင့်မျောပါနေရင်း ရည်းစားများသူ လူငယ်လေးတစ်ယောက်ဖြစ်လာခဲ့သည် ။ သူ့ အသက်က ၂၃ ရှိပြီ အခုထိအလုပ်က မယ်မယ်ရရ မရှိသေးပေ ။ ကောင်မလေးတွေ တစ်ယောက်ပြီးတစ်ယောက်ပြောင်းတွဲရင်း အချစ်ဂိမ်းတွေကစားကာ အချိန်တွေကုန်နေလျက်ပင် ။ သူမှာ့ ရည်းစားနှစ်ယောက်တော့ အမြဲရှိတက်သည် ။ ဒီတစ်ယောက်နှင့်ပြတ်သွားလျှင် နောက်ထပ်တစ်ယောက်က အဆင်သင့် သူ့အတွက် ရှိနေသည် ။ ဒါကတော့ သူ့အတွက် အဆန်းတကြယ်မဟုတ်တော့ ။ ရည်းစားများခြင်းသည် သူ့ရဲ့အပြစ်မဟုတ် ။ သူ့ကိုမှ တမ်းတမ်းစွဲ စွဲလမ်းရူးသွပ်နေကြသော မိန်းကလေးတွေရဲ့ အပြစ်ဖြစ်သည် ။ အထူးသဖြင့် သူ့ကို စွဲလမ်းသူများထဲတွင် မိန်းမလျာများလည်း အပါအဝင်ပင်ဖြစ်သည် ။

သူ့ အပြုံးကို မြင်ရလျှင် ၊ သူနဲ့ စကားပြောခွင့်ရလျှင် သူ့ကို မည်သူမှသူ့ကိုမချစ်ပဲ မနေနိုင်ကြပေ ။ အဘယ့်ကြောင့်ဆိုသော် သူ့ရဲ့ အပြုံးတွေက စွဲမက်ဖွယ် ယောက်ကျားဆန်သော အပြုံးမျိူး ၊ နောက်ပြီး သူ့ရဲ့ စကားလုံးတွေက ပြောင်မြောက်သိမ်မွေ့ပြီး တစ်ပါးသူ စိတ်ချမ်းသာအောင် ၊ သဘောကျလာအောင် ပြောဆိုတက်
သည် ။ သူ၏ သိမ်မွေ့နူးညံသော စကားလုံးများ‌ဖြင့် တစ်ပါးသူ၏ နှလုံးသားကို တစိမ့်စိမ့်ပျော်သွားအောင် အရည်ဖျော်ပစ်နိုင်စွမ်းရှိသူ ဖြစ်သည် ။ ထို့ကြောင့် သူနဲ့ ဖုန်းပြောပြီးသွားလျှင် တစ်ဖက်ကလူမှာ သူ့ကို စွဲလမ်းလျက်
ကျန်ခဲ့သည် ။ သူ့ရဲ့ အချော့အမြူတွေ ၊ အနုအနွဲ့တွေ ၊ ပလီပလာစကားတွေထဲမှာ သာယာနစ်မျောနေကြသည် ။ ထိုအထဲတွင် “မမကြည်ပြာ”ဆိုသော မိန်းမလျာတစ်ဦးလည်း ပါလေသည် ။

You've reached the end of published parts.

⏰ Last updated: Nov 08, 2022 ⏰

Add this story to your Library to get notified about new parts!

မောင်Where stories live. Discover now