❤️ အပိုင်း 48 ❤️

8.2K 351 5
                                    

❤️ Love & Fortune ❤️

အပိုင်း 48

ရန်ကုန်နဲ့ အရမ်းကြီးမဝေးတဲ့ Y Corporation ရဲ့ Villa Resort ဆီသို့ရောက်လာလျှင် ယောက ကားကိုအထဲသို့ချိုး၀င်လိုက်ပြီး Resort ရဲ့ ပေါ်တီကိုအောက်မှာ စက်သပ်ကာရပ်လိုက်သည်။

ယောရဲ့ ကားအနောက်မှာတော့ ကျောင်းကား 4 စီးဟာလဲ အသီးသီးတန်းစီကာ ရပ်လိုက်ကြပြီး ကားပေါ်မှကျောင်းအုပ်ဆရာကြီးနဲ့ ဆရာမတွေ
အရင်ဆင်းလာကြသည်။

ပိုးရုံလဲ ကားပေါ်မှအရင်ဆင်းလိုက်ပြီး နောက်ခန်းတံခါးကိုဖွင့်ကာ baby seat လေးမှာ အိပ်ပျော်နေတဲ့သမီးကို ပွေ့ချီရ၏။

သားလေးက ကျောင်းရှေ့မှာလူစုထဲက သူမတို့ကားနဲ့မလိုက်တော့ဘဲ သူ့သူငယ်ချင်းတွေရှိနေသည့်ကျောင်းကားနဲ့သာ လိုက်ပါလာခဲ့သည်။

အစ်ကိုဖြစ်သူလဲ သူမလေး ဘေးနားမှာမရှိရော ကြိုးကြိုးတစ်ယောက် ကားစထွက်ထဲက အိပ်လိုက်တာဆိုသည်မှာ လမ်းတွင်တစ်ရေးမှမနိုးပေ။

ကြိုးကြိုးတစ်ယောက်ဘယ်လောက်တောင် အိပ်ပုတ်ကြီးလဲဟုဆိုလျှင် baby seat ထဲမှ ပိုးရုံပွေ့ချီလိုက်တာတောင် လုံး၀မနိုးလာဘဲ သူမပခုံးပေါ်မှာ ခေါင်းလေးတင်ကာ ဆက်ပြီးအိပ်နေလိုက်သေးသည်။

ဥက္ကဌဖြစ်သည့် ယောပါရောက်လာတာမို့ Resort မှာရှိသမျှ ၀န်ထမ်းတွေအကုန် သူမတို့အား ထွက်ပြီးကြိုဆိုနေကြသည်။

ကြိုဆိုနေကြသော၀န်ထမ်းတွေအားလုံးကို ယောက ခေါင်းတစ်ချက်ငြိမ့်ပြရင်း အသိအမှတ်ပြုကာ ကားပေါ်မှ ဆင်းလာမည့်သားလေးကို လှမ်းကြည့်နေသည်။

သူမနဲ့ယောတို့ကြည့်နေရင်းကပင်
သားလေးက သူ့သူငယ်ချင်းကောင်လေး ၂ယောက်နဲ့အတူ ကားပေါ်မှ အေးအေးဆေးဆေးဆင်းလာ၏။

ထို့နောက် ကလေးတွေနဲ့ ဆရာမတွေနေဖို့အတွက် အခန်းတွေကို ယောနဲ့ ကျောင်းအုပ်ဆရာကြီးတို့က အရင်စီစဥ်ကြရသည်။

ယောက အားလုံးကိုကြိုပြီးမှာကြားထားပြီးသားမို့ အစစအရာရာ အားလုံးက လွယ်ကူချောမွေ့နေခဲ့၏။

ယောက ဒီခရီးစဥ်မှာပါလာသောသူများအားလုံးအတွက် အခန်းတွေကို ၃ယောက်တစ်ခန်းစီစဥ်ပြီး ကျောင်းအုပ်ဆရာကြီးကတော့ အားလုံးကို ကိုယ့်အခန်းမှာကိုယ်အရင်ဆုံးအနားယူကြဖို့ ပြောသည်။

❤️ Love & Fortune ❤️Where stories live. Discover now