Marriage (Chenji)

608 60 8
                                    

"မောင် ဒါကမဟုတ်သေးဘူးလေ "

ဒေါသကြီးစွာ အော်ဟစ်လိုက်တဲ့ Chenle အော်သံအဆုံးမှာ Jisung အခန်းအပြင်ကို ခပ်သာသာထွက်သွားပြီး ဧည့်ခန်းမှာထိုင် နေလိုက်သည်။

"မောင် ဒါဘာအချိုးလဲ လော့ကို ဂရုမစိုက်တာလား ဟက်...ဘာလဲမောင်က ရုံးမှာ မိန်းမတကာနဲ့ သာယာလာခဲ့တဲ့သူဆိုတော့ အိမ်မာထိုင်ပြီး ပွစိပွစိရွတ်နေတဲ့ လော့ကို စောက်မြင်ကပ်နေတာလား ''

''လော့လော့ တော်တော့ မောင် ဒီနေ့ စိတ်မတိုချင်ဘူး ''

''မောင်က အဲ့ကောင်မနဲ့ ဖောက်ပြန်နေတဲ့ကိစ္စကို ဘာလဲ လော့က ဒီအတိုင်း မသိချင်ယောင်ဆောင်ပြီး ကျော်သွားပေးရမှာလား ''

''လော့ကို မောင်ပြောပြတယ်လေ ဒါက မတော်တဆကိစ္စလို့ ဓာတ်လေကားထဲ လူကြပ်လို့ နောက်ကလူတွေတွန်းတိုက်ရင်း ကိုယ့်အင်္ကျီကို သူ့နှုတ်ခမ်းနီပေသွားတာ ဒါကို လော့က မောင့်ကို စွတ်စွဲလွန်းတယ်ကွာ  "

ချန်းလော့ လက်ထဲက ကိုင်ထားတဲ့ Jisung အင်္ကျီအဖြူလေးကို ကြမ်းပြင်ပေါ်ပစ်ချလိုက်ပြီး အိမ်အပေါ်ထပ်ကိုခြေစောင့်ကာ တက်လို့သွားသည်။

ကျွန်တော့်ထက် အနည်းငယ်သာကြီးတဲ့ လော့လော့ က မိဘပေးစားလို့သာ ကျွန်တော့်ကိုလက်ထပ်လိုက်ရပေမယ့် ကျွန်တော့်ကို မောင်ဟုခေါ်ကာ သဝန်တိုတတ်လွန်းတဲ့ တရုတ်ပိစိလေးပင်...

လက်ထပ်ခါစက သူလည်း သူ့ဘာသာသူ့အလုပ်နဲ့သူနေ ကိုယ်လည်း ကိုယ့်အလုပ်ကို လုပ်ရင်း နေခဲ့ကြပေမယ့် ပြသနာက လော့လော့တို့အမျိုးတွေအိမ်လာလည်တဲ့နေ့ကစသည်။

အဲ့ဒီ့နေ့ညက လော့လော့ရဲ့ အဖိုးအဖွားတွေရော အဒေါ်တွေပါ သူတို့နှစ်ဦးထဲနေတဲ့အိမ်လေးကို ညအိပ် အလည်ရောက်လာကြတာမို့ ရှိတဲ့အခန်းတွေအားလုံးကို မျှပေးလိုက်ရတာကြောင့် သူတို့နှစ်ယောက် တစ်ကုတင်ထဲ ပထမဆုံးအိပ်ရတော့မည့်ရက်ပင်။

မနက်ဆိုအလုပ်ထသွား ညဆိုလဲ ကိုယ့်အခန်းထဲကို ဝင်သွား တတ်ကြတဲ့ Chenle နဲ့ Jisung ဟာ မနက်စာလဲ လက်ဆုံမစားကြသလို ညစာလဲ အပြင်မှာပဲ ဖြစ်သလိုစားဖြစ်ကြသည်။

 NCT One Shot Collection (Zawgyi +Unicode) Where stories live. Discover now