"မြန်မာစံတော်ချိန် နေ့လယ် ၁၂:၀၀နာရီ ထိုးပါပြီ..
အခုနားဆင်နေရတာကတော့
ကျွန်မတို့ Sakura FMရဲ့
.~ကလေးတို့အတွက် ပျော်စရာကမ္ဘာ.~
အစီအစဉ်လေးဖြစ်ပါတယ်ရှင့်...ပျော်ရွှင်စရာကောင်းတဲ့ နေ့လယ်ခင်းလေး ဖြစ်ပါစေ ကလေးတို့ရေ…"
တဖြောက်ဖြောက်ရွာသွန်းထားတဲ့ မိုးရာသီနေ့လည်ခင်းတခုရဲ့ အေးစိမ့်စိမ့်အချိန်ကလေးတခုမှာ..
"မမနဲ့ ကလေးတို့တွေ ဆုံတွေ့ရမဲ့ အချိန်လေးရောက်လာပြန်ပါပြီ...
တပတ်တာမှာ မမရဲ့ အမျှော်လင့်ဆုံးနေ့က
ကလေးတို့နဲ့ ဆက်သွယ်နိုင်တဲ့ ဒီတနင်္ဂနွေနေ့လေးပဲ...ကလေးတို့ကရော မမကို သတိရပေးနေတယ်မလား..."
သူနွယ် ဆီမှာ အတူကစားရင်း နေ့လည်စာ စားချိန် ရောက်ပြီမို့
အိမ်ကို အပြေးလေး ပြေးဝင်လာရင်း×××..ဖေကြီးဖွင့်ထားတဲ့ ရေဒီယိုဆီက ချိုမြမြ အသံလေးတခု..
ဘယ်လို ပြောရမလဲ???
ရုတ်တရက် ကြားလိုက်ရချိန်မှာတောင်
နားထဲမှာ စွဲဝင်သွားတာ..ပတ်ဝန်းကျင်ကိုမေ့
လှမ်းနေတဲ့ ခြေလှမ်းတွေကို ရပ်တန့်စေသွားတာ...ဆာေလာင်နေတဲ့ ဝမ်းကို မေ့ပြီး
ငေးကြည့်မိသွားတာ...အလိုလိုနေရင်းကို ပြုံးလိုက်မိတဲ့ အခိုက်အတန့်လေးတခု ဖြစ်တည်သွားတာ...
အဲဒီရေဒီယိုလေး...
မဟုတ်ဘူး...
အဲဒီ ရေဒီယိုထဲက အသံပိုင်ရှင်လေးကြောင့်......ပထမဆုံးပါပဲ
ပထမဦးဆုံး ကြားဖူးတဲ့ အသံချိုချိုလေး....လေလှိုင်းထဲကနေ လွင့်ပျံလာတဲ့
မရင်းနှီးသူတယောက်ရဲ့ နှစ်လိုဖွယ် အသံလေး...ပထမဦးဆုံး ကြားဖူးတာပဲ..
တကြိမ်လေး ကြားမိယုံနဲ့ အမြဲနားထောင်နေချင်စရာ အသံပိုင်ရှင်လေး...၂၀၀၉ခုနှစ်ရဲ့ မိုးရာသီတခုမှာ
အမှတ်မထင်ကြားလိုက်ရတဲ့ အသံလေးက
ဟိုးးးး နောင်နှစ်ပေါင်း များစွာအထိ
သိမ်းဆည်း ဆွဲခေါ်သွားချင်စရာ အေးချမ်းမှုလေး....
YOU ARE READING
ရပ်ဝန်းငယ်
Short Storyစောင့်မျှော်နေရခြင်းတွေမှာ တစိမ့်စိမ့် ကြည်နူးနေရတဲ့ ဖြစ်တည်မှုမျိုး