ရထားဟာ ဆူဆူညံညံ အသံပြုကာ မန္တလေးကို ထွက်ခွါနေသည်။
ကားသံဟာ မကျယ်လောင်ဘဲ တစ်အိအိ နှင့်ရန်ကုန်သို့ထွက်ခွါနေသည်။
ရထားပေါ်မှာ အသက် ၁၇ နှစ်အရွယ်ကချင်ကောင်လေး တစ်ယောက် ပါလာပြီး ကားပေါ်မှာတော့ ၁၇ နှစ်မပြည့်သေးသော ကောင်လေးတစ်ယောက်လိုက်ပါခဲ့သည်။
သူတို့နှစ်ယောက် အထက်တန်းတုန်းကလို တပူးပူး တတွဲတွဲ ရှိခွင့်မရတော့ပါ။ အဒီးက မန္တလေးရတနာပုံ တက္ကသိုလ်မှာဘဲ ကျောင်းဆက်တက်မှာ ဖြစ်ပြီး စူးကျယ်အောင်ကတော့ ရန်ကုန်မှာ English ကျောင်း ဆက်တက်ကြတော့မည်ဖြစ်သည်။ ရထားက တောကြား၊ တောင်ကြားလေးတွေကို ဖြတ်သန်းသွားသည်။ ခပ်မှိုင်းမှိုင်းဖြစ်နေသည်မှာ ဘေးပတ်ဝန်းကျင်တွေသာမက အဒီးစိတ်ပါ ပါဝင်ခဲ့သည်။ စူးကျယ်အောင်ကတော့ အပါကြီးနှင့်ခွဲရသဖြင့် စိတ်မကောင်းချင်၊ အဒီးနှင့်လဲ အဖော်ပေါင်း မလုပ် ရတော့သဖြင့် သူလဲ ခပ် ထွေထွေ လေး ဖြစ်နေခဲ့သည်။ ပျော်လားဆိုတော့ လဲ မပျော်ပါ။ လွမ်းတာလားဆိုတော့လဲ မဟုတ်ပြန်။ စိတ်မကောင်းတာလားမေးလာလျှင်လဲ မဖြေတတ်ကြပါ။ အမည်မသိခံစားချက်တစ်ခုဟာ ဖော်ပြမတတ်ပါ။
နမ္မတီး မြို့လေးကတော့ ကောင်လေးနှစ်ယောက်မရှိတဲ့အခါ ပျင်းနေတော့မှာဘဲ၊ တံတားမှာခြေဆင်းပြီးလာထိုင်မယ့်သူတွေ ရှိနေပါစေအုန်းတော့ သည်ကောင်လေး နှစ်ယောက်ကိုတော့လွမ်းနေတော့မှာပေါ့။
နှမ်းပန်းခင်းကြီးကလဲ သူ့ဆီအလည်မလာတော့မယ့်ကောင်လေး နှစ်ယောက်ကို မျှော်နေတော့မှာပေါ့။
ချောင်းကလေးကလဲ သူ့ဆီရေလာ မချိုးတဲ့ကောင်လေးနှစ်ယောက်ကို မျှော်နေတော့မှာပေါ့။
မေပ ခေါက်ဆွဲဆိုင်လေးနဲ့ ညစျေးသေးသေးလေးကလဲ ရှာဖွေမိနေတော့မှာပေါ့။
ရထားဘူတာလေးဟာလဲ လာနေကျ ကောင်လေး နှစ်ယောက် ကို စောင့်နေမိတော့မှာပေါ့။
နမ္မတီးမြို့လေးသာ စကားပြောတတ်ခဲ့မယ်ဆိုရင်
"ကိုယ်ဟာ ပင်လယ်ရေမျက်နှာပြင်ရဲ့ ပေ၅၄၆အထက်မှာ နေပါတယ်
ကိုယ်ဟာ လူသိနည်းတဲ့နယ်မြို့လေးတစ်ခုပါ။
ကိုယ်ဟာ သိပ်ကိုမှ ကျဉ်းမြောင်းလှတဲ့ ဧရိယာလေးတစ်ခုပါ
YOU ARE READING
ကြည်ပြာရောင်နေ့စွဲများ
Fanfictionလွတ်လပ်ခွင့်ရခဲ့တဲ့နေ့ရက်တွေထက် မျိုသိပ်ခဲ့ရတဲ့နေ့ရက်တွေက ပိုများပါတယ်။ ဖွင့်ပြောစရာမလိုဘူးထင်ခဲ့လို့မျိုသိပ်ခဲ့တာပါ။ ဝေးသွားလိမ့်မယ်လို့ဘယ်သူကထင်မိလိမ့်ပါ့မလဲ။