မင်းရွေးချယ်တဲ့ရင်ခွင်က
မှားယွင်းသွားခဲ့တဲ့အခါ ဘာကြောင့်နဲ့မှ နောင်တမရလိုက်ပါနဲ့
လွဲချော်မှုဆိုတာရှိတတ်တာပဲလေအဲ့လွဲချော်မှုတွေအတွက် မင်းကိုယ်မင်းအပြစ်မတင်ပါနဲ့
ရေစက်မပါလို့ ဝေးကွာရတယ်သာသတ်မှတ်ပါကံတရားကဆုံတွေ့ပေးလိုက်ပေမယ့်
နီးစပ်ဖို့ အခွင့်အရေးတွေရခဲ့ပေမယ့် အဆုံးသတ်က မလှပခဲ့ဘူးမလားနာကျင်စရာတွေရှိတဲ့အခါ အပြစ်အ၀ငိုလိုက်ပါ
ပြီးရင်တော့ ခေါင်းထဲကနေထုတ်ပစ်လိုက်သူဟာမင်းကိုထားပစ်ခဲ့တယ်ဆို
ဒါက မင်းအချစ်နဲ့မထိုက်တန်လို့ပဲ မှတ်ယူပါမင်းရဲ့ဖြစ်တည်မှုကို သိပ်သဘောကျတဲ့တစ်စုံတစ်ယောက်
မင်းဆီသေချာပေါက်ရောက်လာမှာပါကွယ်အခုတော့ ငိုနေတာကိုရပ်ပြီး
အိပ်စက်အနားယူလိုက်ပါတော့ငါကခေါင်းလေးကို နူးညံ့စွာ ပွတ်သတ်ရင်းထွေးပွေ့ထားမှာမို့
ခနလောက်ဖြစ်ဖြစ် မျက်လုံးလေးကို မှိတ်လိုက်ပြီး
၀မ်းနည်းဖို့ကောင်းတဲ့ အရာရာကိုမေ့ထားလိုက်ပါမင်းသိပ်ကိုပင်ပန်းနေပြီမဟုတ်လား...
#ThawThawBhone
Motiပေးတဲ့စာတိုလေးတွေပါနော်ဗျာ့။
ကျွန်တော်လည်းစိတ်အခြေအနေမကောင်းတဲ့အခါ လာရေးမလို့ပါ။
YOU ARE READING
Thaw Thaw's
Randomရင်ထဲကခံစားချက်တစ်ချို့ ၊ မြင်တွေ့ခဲ့ရတဲ့အကြောင်းအရာတစ်ချို့ ၊ ကြားခဲ့ရတဲ့စကားသံအချို့ ကို ပါးစပ်ကထုတ်ပြောဖို့မစွမ်းနိုင်တဲ့အခါ မင်းကိုပြောဖို့မရဲတဲ့အခါ စကားလုံးလှလှလေးတွေနဲ့ ကဗျာတွေသီလို့ ရေးဖွဲ့ပါရစေ။ -သေ...