Chapter 1

3 0 0
                                    

19.12.2022

'မောင်.......'

'ဒီနေ့ဆို မ တို့ မာနတွေနဲ့အပြိုင်ဝေးခဲ့ရတာ၅လတောင်ပြည့်ပြီ
အစကနေသာပြန်စလို့ရရင် မရဲ့အမှားတွေကို ပြင်ဆင်ခွင့်ရနိုင်ပါရဲ့ မောင်ရယ်...
မောင့်ကို စတွေ့တဲ့နေ့က စပြီး လွန်ခဲ့တဲ့ ၅လ အထိ အဲ့အချိန်လေးကို ပြန်သွားပြီး မပြောလိုက်ရတဲ့ မောင့်ကို မ ဘယ်လောက် မြတ်နိုးလဲဆိုတာတွေ ပြောပြချင်ပါရဲ့...မောင်.......'

In 2017..

ဆန်းကြယ်မှုတွေ ဖြစ်လာတော့မည်
ရိုးသားဖြူစင်သည့် ကောင်မလေး၏ အသည်းနှလုံးကို  အရောင်တွေ စွန်းထင်းတော့မည်
သူမကတော့ သဘောကောင်းပြီး ဖော်ရွေတတ်တဲ့ ရုပ်ဆိုးဆိုးကောင်မလေး တစ်ယောက်ပါ
အေးချမ်းလှတဲ့ ဆောင်းမြို့လေး ပြင်ဦးလွင်တွင်
နေရောင်ခြည်နွေးနွေးကလေးနှင့်
မနက်ခင်းလေးတစ်ခု စတင်ခဲ့သည်....

အထက်တန်းကျောင်းတစ်ခုမှ ခေါင်းလောင်းသံညံကာ
အတန်းတစ်ခုတွင်......

"နေခြည်သွန်း..."

"ရှင်"
(ချစ်ဖို့ကောင်းသည့်အကျင့်လေးမှာ "ရှင်" လို့ ထူးခြင်းပင်)

"နင် သတင်းကြားပြီးပြီလား"

"ဘာသတင်းလဲ"

"ဟိုဘက်တန်းက ကောင်လေးက ငါတို့အတန်းက ကောင်မလေးကိုကြိုက်လို့တဲ့ "

"ဟင် ဘယ်သူတွေလဲ"

"ဟိုဘက်တန်းက ဘုန်းသန့်ကို သိလား"

"ကြားတောင်မကြားဖူးဘူး"

"ဟာ.. နင်သိတာဘာရှိလဲ နေ့လည်ကျငါပြမယ်ကြည့်နေ"

"အေး..အေး"

စိတ်ထဲတော့ တစ်မျိုးပင်
တစ်ခုခု လွဲနေသည့် ခံစားချက်မျိုးကြောင့်
မျက်နှာမှာ ရေမရသည့်အပင်လေးသဖွယ် ညှိုးငယ်နေ၏

စိတ်ထဲ လေးနေသည်နှင့် အတန်းပေါက်တွင် ထိုင်ချရင်း
အသက်ကို ခပ်ပြင်းပြင်းရှူလိုက်သည်

ထိုင်နေတုန်းပင် ဟိုဘက်တန်းမှ မျောက်ရှုံးသည့်
ယောက်ျားလေးတွေ ပြေးထွက်လာသည်
ဘေးမှ အမြန်ဖြတ်သွားသောကြောင့် လွင့်သွားသော ဆံမှိတ်ကို အမြန်ပြန်ချရင်း စိတ်ထဲ တင်းနေသည်

You've reached the end of published parts.

⏰ Last updated: Jan 28 ⏰

Add this story to your Library to get notified about new parts!

မြတ်နိုးရာ မျဉ်းပြိုင်(Maung)Where stories live. Discover now