Money's Diary

531 70 32
                                    

ငါ့ နာမည်က Money။ အဖြူပေါ်မှာ အနက်ရောင် ဟိုတစ်ကွက် ဒီတစ်ကွက်နဲ့ ကြောင်တစ်ကောင်ပေါ့။
အော် ဒါနဲ့ ငါက အထီးနော်။

လမ်းဘေးခွေးတွေရဲ့ အနိုင်ကျင့်ခံလေး ငါ့ကို သခင်က ကယ်ပြီး မွေးစားခဲ့တယ်။ ပြီးတော့ ငွေဝင်အောင်လို့ဆိုပြီး နာမည်ကို Money လို့ ပေးခဲ့တာ။

အစပိုင်းက ငါနဲ့ သခင်က ဆက်ဆံရေး တော်တော်ကောင်းခဲ့တယ်။

သခင်နားမှာ ဝပ်နေတာ‌တို့ ပွပ်သပ်ပြီး အစာတောင်းတာ‌တို့ သာမန်အိမ်မွေးကြောင်တွေလိုပဲ ငါလည်း လူတွေ ချစ်အောင်နေခဲ့တာပေါ့။

ဒါပေမယ့် ငါတို့ သခင်နဲ့ ကြောင်ရဲ့ ချစ်ကြည်မှုကို စပြီး ပျက်ပြားစေခဲ့တာ သခင်ပဲ။

ကြောင် ဘာသာဘာဝ ငါလည်း မိတ်လိုက်ချိန်ကျရင် မြောင်မလေးတွေနဲ့ ဘာညာသာရကာ ကိစ္စလေးတွေတော့ရှိတယ်ကွာ။

ဟန်ရေးပြတာ‌တို့ လူပျိုလှည့်တာတို့က သိပ်အရေးကြီးတယ်။

အဲ့ချိန်ကျရင် ငါ့ရဲ့ အောင်မြင်ခန့်ညားပြီး ခရစ်စမာ (charisama) အပြည့်နဲ့ အသံကို ထုတ်ထုတ်ကြွားတာပေါ့။ အဲ့မှာပဲ ဘေးအိမ်တွေက ဝိုင်းဆဲကြပါလေရော။

သခင်က နှလုံးသားမရှိဘူး။ သွေးအေးအေးနဲ့ ဆေးခန်းခေါ်သွားပြီး ငါ့ရဲ့ ဥ နှစ်လုံးကို ဖြုတ်ပလိုက်တယ်။

*ငလူးမ ဟူးမန်းကောင်*

*ဘဝဆက်ဆက် ပန်းသေမယ့် အကောင်*

မေ့ဆေးပျယ်လို့ သတိရလာတော့ ငါ အဲ့ ဟူးမန်းကောင်ကို ဘယ်နှခါတောင် ဆဲနေမိ‌မှန်း သေချာ မမှတ်မိတော့ဘူး။

ဆဲရုံတင်မကဘူး ဒင်းကို
"ဘယ်တော့မှ မိန်းမ မရပါစေနဲ့" လို့တောင် ကျိန်စာတိုက်လိုက်သေးတယ်။

ငါ့ရဲ့ ကျိန်စာကအတော်လေးကို ထိရောက်တယ်လို့ ဆိုရမယ်။

လ အနည်းငယ်ကြာပြီးနောက်မှာ ဟူးမန်းကောင်တစ်ယောက် ခွက်ရှ်အသစ်ရှာတွေ့သွားလေရဲ့။

သခင်ရဲ့ ခွက်ရှ်က အခြားသူတော့မဟုတ်ဘူး ဘေးအိမ်ကို ပြောင်းလာတဲ့ ဟူးမန်း အထီးလေး။

‌အရင်က ငါ့သခင်က နူးနူးညံ့ညံ့ လှလှပပ ကောင်မလေးတွေကိုပဲ ကြိုက်တာပါ။

Money's DiaryWhere stories live. Discover now