ဇာတ်လမ်းအကျဥ်းချုပ်

1.2K 60 1
                                    

ဒီစာစဉ်မှာဆိုရင် ယန်ချီဟာ တရုတ်ပြည်သား တစ်ယောက်ဖြစ်ပြီး မတော်တဆမှုတစ်ခုကြောင့် သေဆုံးသွားခဲ့ပြီး သိုင်းလောက(ကမ္ဘာ)ကြီးတစ်ခုကို ရောက်ရှိသွားခဲ့တယ်။ အဲ့ဒီ လောကကြီးက ယနေ့ခေတ်လောကလိုပဲ သိပ်ပြီး ကွာခြားမှု မရှိပေမယ့်လည်း စွမ်းအားကြီးသူသာ ကြီးစိုးတဲ့ လောကတစ်ခုပါ။

ယန်ချီရောက်ရှိသွားတဲ့ လောကကြီးမှာဆိုရင် နတ်ဆိုးမိစ္ဆာတွေနဲ့ လူသားတွေက နေရာလု တိုက်ခိုက်နေကြပြီး တနေ့မှာတော့ ယန်ချီက စနစ်တစ်ခုကို မတော်တဆ ရရှိသွားခဲ့တယ်။ အဲ့ဒီစနစ်ကတော့ ဓါးဆွဲထုတ်ခြင်းစနစ်ပါပဲ။

ဒီစာစဉ်မှာဆိုရင် ယန်ချီအနေနဲ့ အဆင့်တက်ဖို့ ဆေးတွေ သောက်စရာ မလိုသလို ပစ္စည်းဥစ္စာရဖို့အတွက် တပါးသူကိုလည်း ဓါးမြတိုက် သတ်ဖြတ်ခြင်း မရှိပါဘူး။ သူ့မှာ ဓါးဆွဲထုတ်တဲ့ အမှတ်တွေသာ ရှိမယ်ဆိုရင် လိုအပ်တဲ့ အဆင့်ကို အမျိုးမျိုး တက်လှမ်းနိုင်ပါတယ်။ ဒီလောကကြီးထဲမှာ နတ်ဆိုးမိစ္ဆာများစွာကို ယန်ချီက ဘယ်လိုရှင်းထုတ်ပြီး သူတို့ရဲ့ ရင်းမြစ်ကို ဆက်ပြီး ရှင်းလင်းဖို့ သွားရင်းနဲ့ နောက်ထပ် လောကကြီးတစ်ခုကို ရောက်သွားခဲ့တယ်။

အဲ့ဒီလောကမှာဆိုရင် ကျင့်ကြံသူတွေမှာ စိတ်ဝိဉာဉ်စွမ်းအားကို ကျင့်ကြံကြပြီး ကိုယ်စီမှာ ဆက်နွယ်မှု လက်နက်တွေ ရှိကြတယ်။ ဆက်နွယ်မှု လက်နက်တွေနဲ့အတူ စိတ်ဝိဉာဉ်လက်နက်တွေလည်း ရှိကြပြီး အဆင့်အမျိုးမျိုး ရှိပါတယ်။ ဒီ စိတ်ဝိဉာဉ်လောကကြီးမှာဆိုရင် နတ်ဆိုးမိစ္ဆာတွေက သိပ်ပြီး အစွမ်းမထက်ကြပေမယ့် နတ်ဆိုးသားရဲတွေက လူသားတွေရဲ့ နယ်မြေကို ကြီးစိုးဖို့ ကြံရွယ်နေတဲ့ လောကကြီးပါ။

ဒီလောကကြီးထဲမှာ ယန်ချီတစ်ယောက် ဘယ်လို ရှင်သန်နေထိုင် တိုက်ခိုက်ဖြေရှင်းသွားမလဲဆိုတာကတော့...









နတ်ဘုရားရေးရာ ဓားဆွဲထုတ်ခြင်းစနစ်( ယန်ချီ )စနစ်စာစဥ် အတွဲ ၁ (ခွင့်ပြုချက်ရပြီး)Where stories live. Discover now