Ch 1 to 5

1.2K 76 1
                                    

Chapter 1 - ဓါးဆွဲထုတ်ခြင်းစနစ် အသက်ဝင်ခြင်း

“ဂျောင်မြို့တော်မှာ နတ်ဆိုးတွေကို တွေ့နေရတယ်လို့ ပြောတယ်။ လူဆယ်ယောက်ကျော်လည်း အသတ်ခံရတယ်တဲ့”

ယန်ချီက သူ့ဖုန်းပေါ်မှာပေါ်လာတဲ့ သတင်းကိုကြည့်လိုက်ပြီးနောက် သူ့နှုတ်ခမ်းထောင့်ကနေ အနည်းငယ်တွန့်ကွေးသွားခဲ့ပါတယ်။

သူက ဒီလောကကို ကူးပြောင်းလာတာ သုံးလလောက်ရှိခဲ့ပြီး နေ့တိုင်း နတ်ဆိုးသတိပေးချက်တွေကိုရရှိခဲ့ပါတယ်။ နတ်ဆိုးတွေနဲ့ ပြည့်နှက်နေတဲ့ ဒီလောကကြီးမှာ နတ်ဆိုးတွေက နဂါးတိုင်းပြည်ရဲ့ မရေမတွက်နိုင်တဲ့နယ်မြေတွေကို သိမ်းပိုက်ခဲ့ပါတယ်။ နဂါးတိုင်းပြည်ရဲ့ အင်ပါယာမြို့တော်က အလယ်မှာရှိပြီး နတ်ဆိုးတွေကို ကာကွယ်ဖို့ အရပ်လေးမျက်နှာမှာ အခြေစိုက်စခန်း ရှစ်ခု ရှိပါတယ်။

ဒီအကြောင်း ပြောရမယ်ဆိုရင် သူ ကံမကောင်းခဲ့ပါဘူး။ သူက တရုတ်ပြည်မှာ  ခရီးထွက်လာရင်းနဲ့ မတော်တဆ ချော်လဲကာ ဒီလောကကို မတော်တဆ ရောက်လာခဲ့တာ ဖြစ်ပါတယ်။ ဒီလောကမှာ သူ့အနေနဲ့ မိသားစု သူငယ်ချင်း မရှိပါဘူး။ သူ့ကိုယ်သူ စားသောက်နိုင်ဖို့အတွက် ဂျောင်မြို့တော်မှာ အလုပ်လုပ်ခဲ့ရပါတယ်။

အခုဆိုရင် ဂျောင်မြို့တော်မှာ နတ်ဆိုးတွေ ပေါ်လာပြီဆိုတော့ အလုပ်လုပ်ဖို့ မပြောနဲ့ ...သူ အပြင်တောင် မထွက်ရဲတော့ပါဘူး။

ယန်ချီတစ်ယောက် အားတင်းကာ ပြုံးလိုက်ပါတယ်။

“ဂျောင်မြို့တော်က လင်ဟိုင်အခြေစိုက်စခန်းအုပ်ချုပ်မှုအောက်က မြို့တော်ငယ်လေး တစ်ခုမျှသာ ဖြစ်တယ်။ နတ်ဆိုးတွေနဲ့ သိုင်းပညာရှင်စစ်သည်တွေ တိုက်ခိုက်ကြမယ်ဆိုရင် လင်ဟိုင်အခြေစိုက်စခန်းအနေနဲ့ ဂျောင်မြို့တော်ကို အကူပေးနိုင်မှာ မဟုတ်ဘူး”

သူက သူ့ကိုယ်သူ ပြောလိုက်ပါတယ်။

ဂျောင်မြို့တော်က နဂါးတိုင်းပြည်ရဲ့ အခြေစိုက်စခန်းရှစ်ခုထဲက တစ်ခုဖြစ်တဲ့ လင်ဟိုင်အခြေစိုက်စခန်းရဲ့ အုပ်ချုပ်မှုအောက်မှာ တည်ရှိပါတယ်။ လင်ဟိုင်အခြေစိုက်စခန်းရဲ့ အုပ်ချုပ်မှုအောက်မှာ မြို့တော်ရာကျော်ရှိပါတယ်။ ဂျောင်မြို့တော်ဆိုတာက တကယ့်ကို သနားဖို့ကောင်းတဲ့ မြို့တော်ငယ်လေးတစ်ခုသာ ဖြစ်ပါတယ်။ သိုင်းပညာရှင် ဆယ်ယောက်ကျော်နဲ့ စစ်သည်တစ်ထောင်ထက် မကျော်ရုံသာ ရှိပါတယ်။

နတ်ဘုရားရေးရာ ဓားဆွဲထုတ်ခြင်းစနစ်( ယန်ချီ )စနစ်စာစဥ် အတွဲ ၁ (ခွင့်ပြုချက်ရပြီး)Where stories live. Discover now