Ch 6 to 10

623 69 0
                                    


Chapter 6 - အကြီးအကဲ နတ်ဆိုးစစ်သည်နှစ်ယောက်

လီဟူတစ်ယောက် ယန်ချီကို တစ်ခုခု ပြောတော့မယ့် အချိန်မှာပဲ နတ်ဆိုးမိစ္ဆာရဲ့ အသံက ထွက်ပေါ်လာခဲ့ပါတယ်။

လီဟူ၊ ဝေချောင်နဲ့ စစ်သား တစ်ရာကျော်တို့က အသံထွက်ပေါ်တဲ့ နေရာဆီကို လျင်မြန်စွာ ကြည့်လိုက်ကြပါတယ်။

နတ်ဆိုးမိစ္ဆာဆယ်ယောက်ကျော်က သူတို့ဆီကို လျှောက်လာနေခဲ့ပါတယ်။

အရှေ့ဆုံးက နတ်ဆိုးမိစ္ဆာနှစ်ကောင်ရဲ့ မျက်လုံးတွေက အစိမ်းရင့်ရောင် သမ်းနေခဲ့ပါတယ်။

အစိမ်းရင့်ရောင်မျက်လုံးနဲ့ နတ်ဆိုးမိစ္ဆာတွေကို အကြီးအကဲနတ်ဆိုးစစ်သည်တွေအဖြစ် ခေါ်ကြပါတယ်။

အကြီးအကဲ နတ်ဆိုးစစ်သည်တွေရဲ့  အနောက်မှာတော့ အစိမ်းဖျော့ရောင်မျက်လုံးပိုင်ရှင် မူလနတ်ဆိုးဆယ်ကောင်ပါလာခဲ့ပါတယ်။

“အကြီးအကဲ နတ်ဆိုးမိစ္ဆာနှစ်ကောင်ပါလား”

လီဟူနဲ့ ဝေချောင်တို့ ထိတ်လန့်သွားကြပါတယ်။ ဒီအရေးပေါ်စခန်းက အလွန်တရာကို လျှို့ဝှက်ပါတယ်။ နတ်ဆိုးမိစ္ဆာ တွေက ဒီနေရာကို ရှာတွေ့လိမ့်မယ်လို့ မမျှော်လင့်ထားကြပါဘူး။

အကြီးအကဲ နတ်ဆိုးမိစ္ဆာ စစ်သည်နှစ်ကောင်က ခန္ဓာကိုယ်ကနေ နတ်ဆိုးအရှိန်အဝါကို ထုတ်လွှတ်နေတော့ အရေးပေါ်စခန်းအပြင်က စစ်သည်ရာနဲ့ချီက မွန်းကြပ်သလို ခံစားလိုက်ရပါတယ်။ ဒါက သူတို့ရဲ့ နှလုံးတွေကို အားအင်ပြည့်ဝစွာ အညှစ်ခံလိုက်ရသလိုပါပဲ။

ကျောင်ဒုံက သူ့အရှေ့က နတ်ဆိုးမိစ္ဆာ ကို ကြည့်လိုက်တော့ သူ့ဝိဉာဉ်လွင့်ထွက်သွားမတက် ခံစားလိုက်ရပါတယ်။ သူ့အနေနဲ့ အရေးပေါ်အခန်းက ဘေးကင်းမယ်လို့ တွေးထားခဲ့ပေမယ့် နတ်ဆိုးမိစ္ဆာ တွေက ဒီနေရာကို ရှာတွေ့လိမ့်မယ်လို့ သူ မမျှော်လင့်ထားပါဘူး။

ယန်ချီလည်း ကြောက်မက်ဖွယ်ကောင်းတဲ့ နတ်ဆိုးမိစ္ဆာ တွေကို ကြည့်လိုက်ပါတယ်။ သူကတော့ ဒီ နတ်ဆိုးမိစ္ဆာ တွေကို သတ်လိုက်ရင် ဓါးဆွဲထုတ်မှတ် ဘယ်လောက်ရမလဲဆိုတာ သိချင်နေခဲ့ပါတယ်။

နတ်ဘုရားရေးရာ ဓားဆွဲထုတ်ခြင်းစနစ်( ယန်ချီ )စနစ်စာစဥ် အတွဲ ၁ (ခွင့်ပြုချက်ရပြီး)Where stories live. Discover now