Ch 11 to 15

567 56 0
                                    

Chapter 11 - နတ်ဆိုးနွားသိုး ပိုင်းဖြတ်ခြင်းနည်းစနစ်

“ငါက လင်ဟိုင်အခြေစိုက်စခန်းက မဟုတ်ဘူး”
    ယန်ချီက ပြောလိုက်ပါတယ်။

ခန္ဓာကိုယ်ပြုပြင်ခြင်းအဆင့် သိုင်းပညာရှင်နှစ်ယောက်နဲ့ စစ်သားဆယ်ယောက်ကျော်က အံ့အားသင့်သွားကြပါတယ်။

ဒီလောက် ကြောက်မက်ဖွယ်ကောင်းတဲ့လူက ဂျောင်မြို့တော်မှာ ဘယ်အချိန်ကပေါ်လာတာလဲ။

“ဘယ်နေရာမှာ နတ်ဆိုးမိစ္ဆာတွေ ပိုများသလဲ”

မူလနတ်ဆိုးစစ်သူကြီးနဲ့ ရင်ဆိုင်ပြီးနောက် သူ့ရဲ့ကနဦးအဆင့် နတ်ဆိုးနွား ပိုင်းဖြတ်ခြင်းသိုင်းနည်းစနစ်ကို အသုံးပြုဖို့ အခွင့်အရေး မရှိခဲ့ပါဘူး။ သူက ဒီထက်ပိုပြီး သန်မာတဲ့ နတ်ဆိုးမိစ္ဆာတွေနဲ့ တွေ့ချင်ခဲ့ပါတယ်။

“စီနီယာ ကျွန်တော်တို့တွေ မြောက်ဖက်လမ်းမကြီးမှာ နတ်ဆိုးမိစ္ဆာတွေနဲ့ တိုက်ခိုက်ခဲ့ပါတယ်။ ကျွန်တော်တို့တွေ မြောက်ဖက်လမ်းမကြီးကနေ လာခဲ့တာပါ”

“ဒါ့အပြင် မူလနတ်ဆိုးစစ်သူကြီးကို သတ်နိုင်တာဆိုတော့ မြောက်ဖက်လမ်းမကြီးမှာ အလယ်အလတ်နတ်ဆိုးစစ်သူကြီးနဲ့ မူလနတ်ဆိုးစစ်သည် အယောက် နှစ်ဆယ်ကျော် ရှိနေတယ်”

ခန္ဓာကိုယ်ပြုပြင်ခြင်းအဆင့် သိုင်းပညာရှင်က ယန်ချီကို ပြောလိုက်ပါတယ်။

“အလယ်အလတ်နတ်ဆိုးစစ်သူကြီးလား”

ယန်ချီရဲ့ မျက်လုံးတွေ အရောင်လက်သွားခဲ့ပါတယ်။

“ဒါဆိုရင် မြောက်ဖက်လမ်းမကြီးကို သွားရအောင်”

ခန္ဓာကိုယ်ပြုပြင်ခြင်းအဆင့် သိုင်းပညာရှင်နှစ်ယောက်နဲ့ စစ်သည်ဆယ်ယောက်ကျော်က ဒီစကားကို ကြားတော့ ဝမ်းသာသွားကြပါတယ်။ ယန်ချီက သူတို့ကိုကူညီပြီး နတ်ဆိုးမိစ္ဆာတွေကို သတ်မယ်ဆိုတာ သူတို့ သိပါတယ်။

ယန်ချီက သူတို့နဲ့အတူ မြောက်ဖက်လမ်းမကြီးကို မသွားခင်မှာ လုပ်စရာ တစ်ခု ရှိနေပါတယ်။ အဲ့ဒါကတော့ လူနေအဆောက်အဦးတွေထဲမှာ ပုန်းခိုနေတဲ့ နတ်ဆိုးမိစ္ဆာတွေကို ရှင်းလင်းဖို့ ဖြစ်ပါတယ်။

နတ်ဘုရားရေးရာ ဓားဆွဲထုတ်ခြင်းစနစ်( ယန်ချီ )စနစ်စာစဥ် အတွဲ ၁ (ခွင့်ပြုချက်ရပြီး)Where stories live. Discover now