'အညို'

300 25 7
                                    

Uni
/

//အချစ်ကြောင့်ခံစားရတဲ့အခါ ကော်ဖီတစ်ခွက်သာသောက်ပါ//

လမ်းကျဥ်းကလေးဘေးက အညိုရောင်ကော်ဖီဆိုင်ကလေးရဲ့အဝင်ဝမှာ စာတန်းကလေးချိတ်ဆွဲထားတယ်။ ဆိုင်ရှင်ကောင်လေးဖြစ်တဲ့ရှောင်းကျန့်ဟာအညိုရောင်သိပ်ကြိုက်တယ်။ ဆိုင်ကလေးကိုဆေးသုတ်ထားတာလည်းအညို၊ အတွင်းဘက်ပရိဘောဂတွေကလည်းအညို၊ အဆုံးလိုက်ကာစလေးတွေကအစအညိုကိုသုံးတယ်။ ဘယ်သူတွေဘာဘဲပြောပြော ရှောင်းကျန့်အတွက်တော့အညိုဟာပင်လယ်နဲ့တူတယ်။ ငေးကြည့်လို့လည်းလှတယ်။ ဆွေးကြည့်လို့လည်းရတယ်။

ရုတ်တရက်ထိုးရပ်လာတဲ့ဆိုင်ကယ်သံကြောင့် ဆိုင်ပြင်ကိုကြည့်မိတော့ ခပ်ငယ်ငယ်ကောင်လေးတစ်ယောက်။ နည်းနည်းဂျစ်ကန်ကန်နိုင်မယ့်မျက်နှာထားဆိုတာတော့ ရှောင်းကျန့်ကြည့်တာနဲ့သိတယ်။ ပြီးတော့ရှောင်းကျန့်ထက်လည်းအတော်လေးငယ်မယ့်ပုံပါပဲ။

ဆိုင်ထဲကိုခြေတစ်လှမ်းလှမ်းလိုက်တိုင်း အဲ့ဒီကောင်လေးရဲ့ညာဘက်နားက ရေယက်ပုံငွေရောင်နားဆွဲကလေးကတစ်လက်လက်ဖြစ်သွားတတ်တာကို ကောင်တာမှာရပ်နေတဲ့ရှောင်းကျန့်လှမ်းမြင်နေရတယ်။ မကြာပါဘူး ကောင်လေးကအညိုရောင်စားပွဲဝိုင်းတစ်ဝိုင်းမှာဝင်ထိုင်တယ်။

"ဧည့်သည် ဘာများသုံးဆောင်ချင်ပါသလဲခင်ဗျာ"

စားပွဲနားမှာရပ်ပြီးအချိုသာဆုံးမေးတဲ့အခါ အဲ့ဒီကောင်လေးကမော့ကြည့်လာတယ်။ မော့ကြည့်လာတဲ့မျက်နှာဟာ လူတွေအားကျရလောက်အောင်ချောတယ်ဆိုတာ သူသတိပြုမိလိုက်တယ်။ တီရှပ်အနက်ကြောင့်ပဲလားမသိ၊ ကောင်လေးမျက်နှာကနို့နှစ်ရောင်ပေါက်နေသေးတယ်။ ဘယ်နေရာမှာမြင်ဖူးနေမှန်းမသိပေမယ့် ဒီကောင်လေးကိုရှောင်းကျန့်သိနေတယ်။

"ကျွန်တော်ရည်းစားနဲ့ပြတ်လာတာ"

သူ့ကိုမျက်တောင်မခတ်ကြည့်ရင်းပြောလာတဲ့ကောင်လေးစကားကြောင့် ရှောင်းကျန့်ပြုံးရင်းအသာခေါင်းညိမ့်ပြလိုက်တယ်။ ဆိုင်ကိုလာကြတဲ့လူငယ်စုံတွဲတွေကြားကပြသနာတွေ၊ အချစ်ကြောင့်ခံစားနေရတဲ့လူတွေရဲ့စကားတွေကို ရှောင်းကျန့်ကတကူးတကနားထောင်ပေးလေ့ရှိတယ်။ ဒါကြောင့်မို့လူတချို့ကပြောကြတယ်။ 'အသည်းကွဲရင် Heartbreak Anniversaryကိုသွား'တဲ့။ ဒါကြောင့်ဘဲ ဆိုင်ရှေ့မှာစာတန်းကလေးချိတ်ဖြစ်ခဲ့တာပေါ့။

You've reached the end of published parts.

⏰ Last updated: Dec 10, 2022 ⏰

Add this story to your Library to get notified about new parts!

'အညို'Where stories live. Discover now