ရက်စွဲ (၁၄)

476 47 6
                                    


"တီ၊တီ၊တီ"
"မင်းဆေးသောက်ရတော့မယ်"
"အင်း"
အဒီး ရေထခပ်ပေးလိုက်သည်။ဒီနေ့မှာ စူးကျယ်အောင် အဒီးရဲ့အဆောင်ကိုရောက်နေခဲ့သည်။မနက်ဖြန် မနက် ၄နာရီထပြီး ရထားနှင့်နမ္မတီးသို့ ပြန်ကြတော့မည်။ခပ်ကျဉ်းကျဉ်း တစ်ယောက်အိပ် မွေ့ယာလေးမှာ ပူးကပ်မိကြသည်။မိုးက ညနေတုန်းကရွာထားသေးသည်။အခုညမှာတော့ လေအေးအေးလေးသာတိုက်ခတ်နေသည်။လေထဲမှာ မိုးနံ့လေးဆွတ်ထားသည်။စူးကျယ်အောင်ရင်ထဲမှာတော့ မိုးနံ့နဲ့အတူ အကို့ရဲ့ကိုယ်သင်းနံ့တွေရောက်ရှိနေခဲ့ပါသည်။
"မင်းရန်ကုန်ရောက်သွားတာ၊ငါ့အပေါ်နည်းနည်းစိမ်းသွားသလိုဘဲ"
"မဟုတ်ပါဘူးကွ၊မင်းကလဲ၊ငါဘယ်မှာစိမ်းလို့လဲရော်ဟေ့"
"ထားလိုက်ပါကွာ ၊ငါက ပိုပြီးသတိရနေတာလဲ ဟုတ်ချင်ဟုတ်မှာပေါ့"
တကယ်ပဲ စူးကျယ်အောင် အဒီးပေါ် သွေးအေးခဲ့မိပါသည်။ဘာလို့လဲဆိုတော့ သူ့စိတ်ထဲအကိုတစ်ယောက်သာလျှင် နေ့နေ့ည ည ဖြစ်နေရသည် မဟုတ်ပါလား။အခုတောင် အဒီးဘေးနားရှိပြီး၊စိတ်က အစ်ကိုဆီသို့ ရောက်နေရသည်။စိုးမိုးနိုင်လိုက်တာ အစ်ကိုရယ်။
"မင်းဆေးကသောက်နေရတုန်းပဲလား၊ အတော်ကြာနေပြီရော်"
"ငါတစ်သက်လုံးသောက်ကြမှာလေ"
"ဟင်၊ဘာလို့လဲ၊တကယ်ကြီးလား"
"ထားလိုက်ပါကွာ၊မင်းမသိပါဘူး"
"ငါကတော့သိချင်တာပေါ့၊ဘာလို့လဲဆိုတာ"
"ငါမပြောချင်ဘူး၊ပြီးတော့ ဘယ်သူ့ကိုမှလဲပေးမသိချင်ဘူး၊ငါလေ ဆေးသောက်ပြီးမှ အသက်မရှင်ချင်ဘူး၊ဆေးလေးပဲသောက်ရတာဆိုပြီး လွယ်တယ်လို့တော့ မထင်နဲ့မောင်၊ငါအရမ်းပင်ပန်းတာပဲ၊ ပြီးတော့ ဒီဘဝကြီးကိုလဲ ငါမကြိုက်ဘူး"
ချက်ချင်းဆိုသလို ဟိုဘက်လှည့်သွားသည်။ပြီး......မျက်ရည်ပူလေးတစ်ကြောင်း မသိမသာကျဆင်းလာသည်။ဘယ်သူသိလိမ့်မှာတဲ့လဲ၊သည်လိုညတွေဖြတ်သန်းခဲ့ရတာ ဘယ်နှနှစ်ရှိပြီလဲဆိုတာတောင် ချက်ချင်းမပြောနိုင်ပါ။
"တီ၊တီ၊တီ"
"အဒီး၊ထ ထ"
"ဟင်၊ဟမ်၊အေး"
"လေးနာရီထိုးတော့မယ်"
နှစ်ယောက်သားမျက်နှာသစ်၊ကိုယ်လက်သန့်စင်လိုက်ကြသည်။အထွေအထူးတော့ပြင်ဆင်ရန်မလိုပါ။ညတည်းက ထုပ်ပိုးပြီးသားဖြစ်သည်။ခဏကြာတော့ ဘေးတစ်အိမ်ကျော်မှ ဉီးခင်အောင် ရောက်လာသည်။
"တီ၊တီ၊တီ၊ ကလေးတွေအဆင်သင့်ဖြစ်ပြီလားဟေ့"
"လာပြီ၊လာပြီ၊ဉီးရေ"
စူးကျယ်အောင်တို့ကျောင်းကတော့ တစ်လတည်းပိတ်လို့ စူးကျယ်အောင်ကတော့ အဝတ်စားတစ်ထည်နှစ်ထည်သာယူလာခဲ့ာ့ အဝတ်အိတ်တစ်လုံးနှင့်ကျောပိုးအိတ်တစ်လုံးပါသည်။ကားပေါ်သို့ပစ္စည်းများတင်လိုက်ပြီး မန္တလေးဘူတာကြီးသို့ ထွက်လာခဲ့ ကြသည်။ရထားလက်မှတ်ကို မနေ့ကတည်းက အဒီးဖြတ်ထားပြီးဖြစ်သဖြင့် အဆင်ပြေလှသည်။ မဟုတ်လျှင် ယနေ့မှတန်းစီမည်ဆိုပါက မဖြစ်နိုင်ချေ။ယနေ့ နံနက်၅နာရီ ရထားစီးလျှင် နောက်နေ့ မနက်၃/၄နာရီဝန်းကျင်တွင်နမ္မတီးသို့ ရောက်ပေလိမ့်မည်။အိမ်ပြန်ရခြင်းခံစားချက်ဟာ တစ်မျိုးလေးတော့နေလို့ကောင်းသည်။
"လက်မှတ်ပြမယ်၊လက်မှတ်ပြမယ်"
"ဘယ်သွားမှာလဲ၊အထုပ်ပါရင် ၁၀၀ပေးရတယ်"
"မြစ်ကြီးနား သွားမှာပါ၊ဒီမှာပါ တစ်ရာ"
"ညီလေးတို့က စကြ်န်(၃)၊ဟိုဘက်ရထား"
"ဟုတ်၊ကျေးဇူးကမ္ဘာပါ"
ရထားပေါ်မှာ ကိုယ်စီနေရာယူလိုက်ကြသည်။မိုးကမလင်းသေး၊ရထားဘူတာမှာ ကုန်ကူးရောင်းဝယ်ကြတဲ့ ကုန်သည်များကိုအများဆုံးတွေ့ကြသည်။ရထားမထွက်ခင် ကြ က်ဉပြုတ်လာရောင်းသော ကောင်လေးဆီမှ ကြက်ဉပြုတ်၄လုံးဝယ်ယူလိုက်သည်။ကြက်ဉပြုတ်၄လုံးကို ၅၀၀ကျပ်၊ငွေတစ်ထောင်ပေးလိုက်ပြီး ကျန်သောငွေ၅၀၀အားပြန်မအမ်းရန်ပြောဆိုပြီး မုန့်ဖိုးပေးလိုက်သည်။ကြ က်ဉပြုတ်သည်ကောင်ကလေး ဝမ်းသာပြီးကျေးဇူးတင်စကားဆိုသည်။ကြ က်ဉပြုတ်သာစားရခြင်းအကြောင်းရင်းမှာ လမ်းကရပ်သော ဘူတာများမှာ တွေ့သမျှ အသည်ဆီကနေဝယ်စားရန် နှစ်ယောက်တိုင်ပင်ထားကြခြင်းဖြစ်သည်။ရထားစတင်ထွက်ခွာပေပြီ။ရထားက အစပိုင်းမှာတော့ တအိအိနှင့်၊အရှိန်ရလာသည်နှင့်အမျှ တရွှေ့ရွှေ့နှင့်မန္တလေးကို ထားရစ်ခဲ့ပေပြီ။ညကလဲ အတွေးလွန်ထားသဖြင့် စူးကျယ်အောင်တစ်ယောက် ရထားပြတင်းပေါက်ဘက် ခေါင်းမှီကာငိုက်ချင်နေပြီ။
"လာ၊လာ မင်းဒီဘက်လာခဲ့၊အိပ်ချင်ခဏမှီအိပ်လိုက်၊ပြတင်းပေါက်ဘက် ခေါင်းကျလို့ဂိနေမယ်"
အဒီး စူးကျယ်အောင်ကိုနေရာလဲပေးလိုက်သည်။ခဏကြာတော့ စူးကျယ်အောင် နောက်ခုံကိုမှီကာ အိပ်ပျော်ရင်း တစ်ဖြည်းဖြည်း အဒီးပုခုံးပေါ်သို့ မှီကျသွားသည်။အိပ်မက်တောင်မက်လိုက်သေးသည်။အကိုက ရထားပေါ်ရုတ်တရက် ရောက်လာပြီး သူ့ဘေးနားမှာလာထိုင်သည်တဲ့။ပြီးတော့သူက အစ်ကို ကိုဖက်လိုက်တော့ အစ်ကိုက သူ့ဆံပင်လေးတွေကိုပွတ်သပ်ပေးသည်တဲ့။သူကပြောလိုက်ပါသေးသည်။အစ်ကိုနဲ့မတွေ့ရတာ ရက်ပိုင်းပဲရှိသော်လည်း အစ်ကို ကိုယ်အရမ်းတွေ့ချင်သည်ဆိုတဲ့အကြောင်းနဲ့ အစ်ကို အခုလိုနမ္မတီးကို လိုက်လာတော့ပြောမပြတတ်အောင် ပျော်ရွှင်ကြောင်းကိုပေါ့။ထိုသို့ကြားရသော အစ်ကိုက ထုံးစံအတိုင်း ခပ်ယေးယေးလေးပြုံးပြသည်တဲ့၊အစ်ကို့အပြုံးလေးကို အမြဲမှတ်မိနေတာပေါ့ အစ်ကိုရယ်၊ဆယ့်ခုနှစ် နှစ်သားလေးရဲ့ မခမ်းနားတဲ့အိပ်မက်ကို ရထားက အခွင့်ရေးမပေးခဲ့ပါ။ရုတ်တရက် ရထားကထိုးရပ်သွားသည်။ဆတ်ခနဲ သူလန့်နိုးလာတော့ အဒီးလဲကိုင်ထားသောသူ့လက်များကိုရုတ်တရက် လွှတ်လိုက်သည်။
"ဟင်၊ဘယ်ရောက်ပြီလဲ"
"ရွှေဘို ဆရာသမားရေ ၊အိပ်လို့မှဝရဲ့လား"
"မညယ်"
နေ့လည်စာစားချိန်နှင့်ရွှေဘို ကွက်တိကျခဲ့သည်။သူတို့ ထမင်းမှာစားကြသည်။ငါးကြော်နှပ်နှင့် ဟင်းထုပ် ဝယ်စားကြသည်။ဟင်းထုပ်က တစ်ခြားဒေသတွေမှာ ဘာမှန်းသိမှာမဟုတ်တဲ့ငါးကိုနုပ်နုပ်စင်းပြီး ဖက်ရွက်နှင့်ပေါင်းတာ (သို့မဟုတ်)ကင်တာမျိုးဖြစ်သည်။မြန်မာပြည်အထက်ပိုင်း သွားတဲ့ရထားဘူတာတွေမှာသာတွေ့ရလေ့ရှိသည်။ရထားသည် အကြားကြီးရပ်မှာမဟုတ်တဲ့အတွက် ဝယ်စရာရှိတာမြန်မြန်ဝယ်ကြရသည်။အကြော်စုံ ပူပူလေးလဲဝယ်ခဲ့ကြသည်။သနပ်ခါးတုံး၊ကျောက်ပျဉ်တွေ ခေါင်းပေါ်ရွက်ရောင်းသူများလဲရှိသည်။သူတို့နှစ်ယောက်တော့ မဝယ်ဖြစ်ကြပါ။သူတို့နှစ်အိမ်အတွက်လဲ မအပ်စပ်ကြပေ။အဒီးအမေသည်လဲ ကချင်မပီပီ သနပ်ခါးလိမ်းလေ့မရှိပါ။ရထားသည် ပြန်ထွက်ခွာရန် အချက်ပြ၊အသံပေးနေပြီ။တချို့လဲရထားပြတင်းပေါက်က တစ်ဆင့်အရောင်းဝယ်လုပ်၍ မပြီးသေး၊ထမင်းစားတော့ဖက်နှင့်သာ၊ရထားအမြဲစီးနေသူနှစ်ယောက်မို့ ရထားအထာကိုနောကျေနေသောကောင်လေးနှစ်ယောပ်၊ဇွန်းတစ်ချောင်းစီဆောင်လာကြသည်။အခုမှ စတင်စီးဖူးတဲ့လူဆိုရင်တော့ ဇွန်းထည့်လာမည်မဟုတ်ပေ။အဒီးက စူးကျယ်အောင်ကို ဟင်းများထည့်ပေးသည်။သည်လိုဆိုတော့လည်း အစ်ကို ကိုသတိရမိသည်။အစ်ကိုနှင့် ကြည့်မြင်တိုင်မှာ မုန့်စားတော့အစ်ကို့ဆီက ခုလိုထည့်ပေးလာမလားဟုလဲ မျှော်လင့်မိပါသေးသည်။ဖြစ်မလာခဲ့ပါ။အင်းပေါ့လေ၊သူကလူကြီးလူကောင်းကိုး၊ဒါမျိုးတွေ လူကြားထဲ ဘယ်လုပ်ပါ့မလဲနော့။
"ငါဒါမျိုးစားချင်တာကြာပြီရော်"
"ငါနဲ့လား"
"မညယ်လော၊ပြောရဲဆိုရဲနော်"
"အလားဟေ့၊ရန်ကုန်သွားတာမှ ၁လ၂လပဲရှိသေးတယ်၊ရန်ကုန်လေသံကြီးရော်ဟေ့"
"ဟုတ်တယ်လေ၊ငါကမကြာခင် ရန်ကုန်သားဘဲလုပ်တော့မှာ"
"မင့်ယူမဲ့လူ ရှိလို့လား "
"မင်းလိုရုပ်ဆိုးပန်းဆိုးလဲမဟုတ်"
နှစ်ယောက် သားစားသောက်ကြပြီး စာအုပ်လေးဖတ်လိုက် ပြတင်းပေါက် ကိုငေးလိုက်နဲ့ ဟုတ်နေသည်။ရထားက မျက်နှာလိုက်လွန်းအားကြီးပါဘိ။ဘူတာအသေးလေးတွေမှာတော့ မရပ်ဘူး၊ဘူတာအကြီးတွေမှာဘဲရပ်တယ်၊အင်းပေါ့လေ သူ့အတွက်အရေးမပါတာအတွက် သူအချိန်ဘယ်ပေးချင်ပါ့မလဲ။ရထားကတောတောင်တွေကိုလဲ ဖြတ်ရတယ်၊မဲမှောင်တဲ့ညကိုလဲ ဖြတ်ရတယ်၊သူလဲသူ့အကြောင်းနဲ့သူပေါ့လေ။ရထားစီးရတာဟာလဲ ရသမျိုးစုံကိုပေးနိုင်သေးသည်။ရထားက ခုံတွေကသစ်သားခုံတွေမို့ ထိုင်ရတာနာလာသည်။၂၄နာရီကြာထိုင်လာရသဖြင့်လဲ လှဲချင်မိသည်။ဒါပေမဲ့လဲ လှဲခွင့်မရှိပါ။ရှုပ်ရှုပ်ထွေးထွေး မကြိုက်လှသော သူတို့အတွက်တော့ သဘာဝအတိုင်းဖြစ်ပေါ်နေတဲ့လယ်ကွင်းနှင့်ရိုးရှင်းသောမြင်ကွင်းမှာ တောင်တန်းများနှင့်မြစ်ကူးတံတားများသာဖြစ်သည်။နဘား ဘူတာရောက်တော့ညနေအတော်စောင်းနေသည်။ညနေစာကို ထုံးစံအတိုင်း ခေါင်းရွက်စျေးသည်ဆီမှ ဆန်တို့ဟူးပျော့နှင့်အကြော်စုံပူပူလေးဝယ်စားလိုက်သည်။စူးကျယ်အောင်ဖုန်းက ခလုတ်ဖုန်းလေးသာဖြစ်သည်။ဘတ္ထရီအားကုန်တော့မည့်အကြောင်းအချက်ပြနေသည်။အဒီးကတော့ တတ်ချ်စခရင်(touch screen)ဖုန်းဖြစ်လို့ သီချင်းနားထောင်ရန် သူပြင်ဆင်နေသည်။ထုံးစံအတိုင်းနားကြပ်တစ်ဖက် ကမ်းပေးလိုက်သည်။သီချင်းရွေးနေသောအဒီးအား လှမ်းမေးလိုက်သည်။
"မင်းမှာ Until I found you သီချင်းရှိလား"
"ဘယ်သူဆိုတာလဲ"
"Stephen Sanchez"
"ကြားတောင်မကြားဖူးဘူး၊နေဉီး၊ငါရှာဒေါင်းပေးမယ်"
"ဒါလား"
"အင်း"
"Georgia .wrap me up in all your---
I want you in my arms...Oh!let me hold you..."
သီချင်းစာသားလေးမှာနားကြပ်မှတစ်ဆင့် နားထဲသို့ စီးဆင်းပြီး နှလုံးသားထဲ နေရာဝင်ကြကာ၊ ဉီးနှောက်ကို အလုပ်ပေးလိုက်ကြသည်။

အစ်ကို့ ကိုလွမ်းစမ်း၊ အစ်ကို့ ကိုသတိရစမ်း ဆိုပြီးတော့ပေါ့။သတိရလိုက်တာ အစ်ကိုရယ်။အခုချိန် အစ်ကိုကတော့ အစ်ကိုအလုပ်တွေနဲ့ အစ်ကိုရှုပ်နေမှာပဲနော်၊ပြန်လာမိတာတောင် မှားပြီလားမသိပါဘူးအကိုရယ်၊ဒီတစ်ခေါက် နမ္မတီးခရီးစဉ်ဟာ ရန်ကုန်ကိုအသားကုန်လွမ်းစေတော့မှာပါလား။
"တောက်၊တောက် တောက် တောက်"
အဒီးဖုန်းမှ နှိုးစက်မြည်လာသံကို နှစ်ယောက်လုံး နားကြပ်မှတဆင့် ကြားလိုက်ရသည်။ည ၁၀နာရီ။စူးကျယ်အောင် နာရီလေး ရန်ကုန်က အဆောင်မှာကျန်ခဲ့သည်။သူလဲ ခုချိန် ထမြည်နေရောပေါ့၊ပိတ်မဲ့သူမရှိတာတောင် သူဟာဆက်လက်မြည်နေတော့မှာ။
"မင်းဆေးသောက်ရတော့မယ်"
အော်.အဒီးရယ်၊ မင်းငါ့အပေါ်အဲ့လောက်တောင်ပဲဂရုစိုက်ရသလားကွာ၊ရထားကတော့ မနှေးမမြန် ခုတ်မောင်းလျက် ၊ ညကတော့ဘယ်အရာကို လွမ်းနေတယ်မသိ၊စိတ်တွေကတော့ အစ်ကို့ဆီရောက်နေမိပါတော့သည်။

ကြည်ပြာရောင်နေ့စွဲများWhere stories live. Discover now