Ch 26 to 30

482 56 1
                                    

Chapter 26 - ရှုံးနိမ့်မှု

“အဖေ သူက တကယ့်ကို မြွေမိုးကြိုးသိုင်းသင်တန်းကျောင်းရဲ့ အထူးကျောင်းသားလား”

“အင်း ဟုတ်တယ်လေ။ ဒီလိုမှ မဟုတ်ရင် အဖေက သူ့ကို လင်ဟိုင်အခြေစိုက်စခန်းဝင်ထွက်ခွင့် တံဆိပ်ပြားကို ဘာကြောင့်ပေးလိုက်တယ်လို့ သမီး ထင်လဲ”

စုခွန်က ကျေနပ်စွာ ရယ်မောလိုက်ပါတယ်။

စိန်ခေါ်မှု စင်မြင့်ထက်မှာတော့…။

ဖုန်းချင်က ယန်ချီကို အထင်သေးသလို ကြည့်နေခဲ့ပါတယ်။

ယန်ချီက သူ့ပြိုင်ဖက်မဟုတ်မှန်း သူ သိပါတယ်။ သူက အဆင့်မြင့်ခန္ဓာကိုယ်ပြုပြင်ခြင်းအဆင့် တိုက်ခိုက်ရေးသမားတစ်ယောက်မဟုတ်တော့ပဲ မူလသိုင်းတပည့်အဆင့်ဆိုတာ လူတိုင်း သိနိုင်ပါတယ်။

ယန်ချီကို အနိုင်ယူဖို့အတွက် လက်သီးတစ်ချက်သာ လိုပါတယ်။

“ငါက မူလသိုင်းတပည့်အဆင့်ပဲ။ အရှုံးကို ဝန်ခံလိုက်စမ်း။ ငါ မင်းကို အရှက်မရစေချင်ဘူး”

ဖုန်းချင်က ယန်ချီကို ဂုဏ်ယူစွာနဲ့ ပြောလိုက်ပါတယ်။

ဒီစကားတွေကို ကြားတော့ ရင်ပြင်ကျယ်ကြီးထဲက မြွေမိုးကြိုးသိုင်းသင်တန်းကျောင်းရဲ့ ကျောင်းသားတွေအားလုံး၏ နှလုံးတွေ သူတို့လည်ချောင်းဝ ရောက်နေသလို ခံစားလိုက်ရပါတယ်။

မူလသိုင်းတပည့်တွေက ချီစွမ်းအင်ကို ထုတ်လွှတ်နိုင်ပါတယ်။ သူတို့အားလုံးက ယန်ချီကို ကြည့်လိုက်ကြပြီး သူ ဘယ်လို တုန့်ပြန်မလဲဆိုတာ မြင်ချင်နေခဲ့ကြပါတယ်။

ယန်ချီက ဖုန်းချင်ကို ကြည့်နေတာကိုသာ သူတို့အားလုံး မြင်ခဲ့ကြပြီး သူ့မျက်နှာထက်မှာတော့ ဘာပြောင်းလဲမှုမှ မတွေ့ခဲ့ကြပါဘူး။

“မူလသိုင်းတပည့်အဆင့် ။ ဒါပဲလား”

ဒီစကားတွေကို ကြားတော့ ရင်ပြင်ထက်က လူတိုင်း ပင့်သက်ရှိုက်မိလိုက်ကြပါတယ်။

“မူလသိုင်းတပည့်အဆင့် က မဆိုးရုံပဲလား”

“ယန်ချီက အလယ်အလတ် သိုင်းတပည့်အဆင့် ဖြစ်နိုင်လား”

နတ်ဘုရားရေးရာ ဓားဆွဲထုတ်ခြင်းစနစ်( ယန်ချီ )စနစ်စာစဥ် အတွဲ ၁ (ခွင့်ပြုချက်ရပြီး)Where stories live. Discover now