Abnormal Love(Nahyuck)

680 54 22
                                    

​မှောင်မိုက်နေတဲ့ကောင်းကင်ယံကို ငေးမောကြည့်ရင်းအပေါ်ထပ်အခန်းတစ်ခုရဲ့ ပြတင်းပေါက်ဘောင်ပေါ်မှာ ခြေတစ်ချောင်းဒူးထောင်ထိုင်ရင်း နောက်ထပ်ခြေတစ်ချောင်းကို တွဲလျားချကာ ဆေးလိပ်တစ်လိပ်ကို ခပ်ပြင်းပြင်းရှိုက်သွင်းလိုက်သည်။

''ငါမင်းကိုစိတ်ကုန်နေပြီ Jaemin''

ဒါက နေ့လည်က လမ်းခွဲခဲ့တဲ့ Jaemin ရဲ့ ချစ်ရတဲ့ကောင်လေးနှုတ်ကထွက်ကျလာတဲ့စကား ။

အခုထက်ထိ သူ့ခေါင်းထဲကနေရော အတွေးထဲကနေပါ ထွက်မသွားသေးတဲ့ ဒီစကားတစ်ခွန်းကို ဖျောက်ဖျက်ပစ်လိုက်လို့ရရင် ဖျက်ပစ်လိုက်ချင်သည်။

"ငါ မင်းကိုစိတ်ကုန်နေပြီ Jaemin''

''ဟာကွာ.....!!!''

ပြတင်းပေါက်ဘောင်ကဆင်းက အခန်းနံရံကိုအားပြင်းပြင်းနဲ့ထိုးချပစ်လိုက်ပြီး လက်ဆစ်ကသွေးကိုမြင်ကာမှJaemin စိတ်တွေ နေသာထိုင်သာရှိသွားသည်။

မနက်စောစော ဆိုဂျူးပုလင်းတွေနဲ့ ဆေးလိပ်တိုတွေ ပွစာကြဲနေတဲ့ အခန်းထဲမှာ သူ့လွယ်အိပ်ကိုကုန်းကောက်ရင်း ဆေးလိပ်နံ့ဆွဲနေပြီဖြစ်တဲ့ ရှပ်အင်္ကျီကို ကြယ်သီးနှစ်လုံးလောက်ဟကာ ကျောပိုးအိပ်ကိုဘေးတိုက်လွယ်ရင်း တစ်ညလုံးလွမ်းနေခဲ့တဲ့ မျက်နှာလေးကို သူသွားကြည့်ရဦးမည်။

ကျောင်းဝင်ပေါက်နားက အုတ်ခုံပေါ်စောစောစီးစီးထိုင်စောင့်နေတဲ့သူ့ကိုမြင်တော့ စက်ဘီးနင်းနေတဲ့ Haechan က စက်ဘီးကိုအရှိန်တင်ပြီး Jaemin ​ရှေ့ကနေ ပြေးဖို့ကြိုးစားသည်။

အရှိန်နဲ့နင်းသွားတဲ့ စက်ဘီး နောက်ခုံကို Jaemin အသာလှမ်းဆွဲလိုက်တော့ ဘရိတ်ကိုအုပ်ပစ်လိုက်ကာ Jaemin ကို နဂါးမျက်စောင်းနဲ့လှည့်ကြည့်လို့လာသည်။

''လဲသွားရင် ဘယ်လိုလုပ်မှာလဲ''

''ငါက မင်းကို အနာတရဖြစ်အောင်လုပ်မယ့်သူမို့လို့လား ချန်း''

ဟယ်ချန်းသူ့နောက်က စက်ဘီးနောက်ခုံကို လှမ်းဆွဲထားတဲ့ လက်ကိုလှမ်းကြည့်တော့ ပွန်းပဲ့ရာတွေနဲ့အတူ သွေးစို့နေတဲ့ ဒဏ်ရာတစ်ချို့ကြောင့်သူ့မျက်လုံးတွေကိုအသာပြန်မှိတ်လိုက်သည်။

 NCT One Shot Collection (Zawgyi +Unicode) Where stories live. Discover now