Ch 36 to 40

418 48 0
                                    


Chapter 36 - တစ်ချိန်ထဲမှာ ခံစားတဲ့ ပျော်ရွှင်မှုနဲ့ နာကျင်မှု

“လူငယ်လေး မင်းနာမည်ဘယ်လို‌ ခေါ်လဲ”

“ကျွန်တော့်နာမည် ယန်ချီပါ”

ယန်ချီက အလွန်ရိုသေလေးစားစွာ ပြန်ဖြေလိုက်ပါတယ်။

ဆရာအရှင်အဆင့် ရှုမူက လင်ဟိုင်အခြေစိုက်စခန်းနဲ့ မြို့ပေါင်းရာကျော်ရဲ့ စောင့်ရှောက်သူ ဖြစ်ပါတယ်။ သူ ရှိနေတာကြောင့် မဟုတ်လျှင် လင်ဟိုင်အခြေစိုက်စခန်းက နတ်ဆိုးမိစ္ဆာတွေရဲ့ တိုက်ခိုက်မှုကြောင့် ပျက်စီးသွားနိုင်ပါတယ်။

“ဒီတံဆိပ်ကို ယူထားလိုက်”

ပြောပြီးနောက် ရှုမူက ရွှေရောင်ထောင်ဒီတံဆိပ်ပြားကို ထုတ်ယူပေးလိုက်ပါတယ်။ တံဆိပ်ပေါ်မှာတော့ ကြယ်သုံးပွင့်ပါရှိပါတယ်။

ဒီတံဆိပ်ပြားက ဆရာ အရှင်အဆင့် တွေသာ ပိုင်ဆိုင်တဲ့ တံဆိပ်ပြားဖြစ်ပါတယ်။

ယန်ချီက တံဆိပ်ပြားကို ယူလိုက်တယ်။ ဒီတံဆိပ်ပြားအကြောင်းကို သူသိပြီး လင်ဟိုင်အခြေစိုက်စခန်းမှာ သူ့အနေနဲ့ အစွမ်းထက်တဲ့ နောက်ခံတစ်ခု ရှိသွားမှာဖြစ်ပါတယ်။

သူ့အနေနဲ့ ဖုံးကွယ်ထားဖို့ မလိုပါဘူး။ လူအများအရှေ့မှာ သူ့ရဲ့ တိုက်ခိုက်ရေးစွမ်းရည်ကို ထုတ်ဖော်ပြသနိုင်ပါတယ်။

“ယန်ချီ မင်း အချိန်မရွေး လင်ဟိုင်အခြေစိုက်စခန်းရဲ့ ပါလီမန်ကို လာနိုင်တယ်။ အခု ငါပြန်ပြီး ဒီအကြောင်းကို ကြေညာလိုက်ဦးမယ်”

ဒီလို ပြောပြီးတာနဲ့ ရှုမူက ထွက်သွားခဲ့တယ်။

ယန်ချီက သူ့လက်ထဲက ရွှေရောင်တံဆိပ်ပြားကို ကြည့်လိုက်ပါတယ်။ သူ့မျက်နှာထက်မှာတော့ စိတ်လှုပ်ရှားမှုတွေ ပြည့်နှက်နေခဲ့တယ်။ သူက ဒီနေရာကို မြေကမ္ဘာအဆင့် နည်းစနစ် နတ်ဆိုးဝံပုလွေအရိပ်လက်သီး၏ စွမ်းအားကို စမ်းသပ်ဖို့ လာခဲ့ပေမယ့် ဒီလို အစွမ်းထက်တဲ့ နောက်ခံတစ်ခု ပိုင်ဆိုင်ရလိမ့်မယ်လို့ မမျှော်လင့်ခဲ့မိပါဘူး။

သူ့မှာ မျှော်လင့်ချက်တွေ ရှိလာခဲ့ပါပြီ။

အဲ့ဒီနောက် အနီရောင်မီးတောက်နွားသိုးဆေဘာဓါးကို သူ့နောက်ကျောက ဓါးအိမ်ထဲ ထည့်ပြီး ဒီနေရာကနေ ထွက်သွားခဲ့ပါတယ်။

နတ်ဘုရားရေးရာ ဓားဆွဲထုတ်ခြင်းစနစ်( ယန်ချီ )စနစ်စာစဥ် အတွဲ ၁ (ခွင့်ပြုချက်ရပြီး)Where stories live. Discover now