Ch 41 to 45

415 51 0
                                    

Chapter 41 - ယန်ချီရဲ့ စွမ်းအားအပြည့် ခုတ်ချက်

ဒီစကားကြားတဲ့အခါ လင်တျန်းဇောင်ရဲ့ အမူအယာက ချက်ချင်း ပြောင်းသွားခဲ့ပါတယ်။

“ယန်ချီ မင်း ဒူးထောက်မတောင်းပန်ရင် မင်း သေရမယ်”

သူ့ရဲ့ စကားဆုံးသွားပြီးနောက် လင်တျန်းဇောင်က လက်သီးတစ်ချက် ထိုးလိုက်ပါတယ်။

ချက်ချင်းပင် ကြောက်မက်ဖွယ်ကောင်းတဲ့ နွားသိုးတစ်ကောင်ရဲ့ စွမ်းအား ထွက်ပေါ်လာခဲ့ပါတယ်။

ရွှေရောင်နွားသိုး ချီစွမ်းအားတွေက ယန်ချီဆီကို အရှိန်ပြင်းစွာ ပြေးဝင်လာခဲ့ပြီး ချက်ချင်း ရောက်လာခဲ့ပါတယ်။

“ဒီအရူးကတော့. .  ဒီအရူးကတော့. .”

စုရွှင်းအာတစ်ယောက် သူမမျက်လုံးကို မှိတ်လိုက်ပြီး မျက်လုံးထောင့်ကနေ မျက်ရည်တွေ စီးကျလာခဲ့ပါတယ်။

ယန်ချီက သူ့ဆီကို ပြေးဝင်လာတဲ့ နွားသိုးစွမ်းအားက သူ့ထံပြေးဝင်လာတာကို ကြည့်နေခဲ့ပါတယ်။ သူမှာ မူလသိုင်းဆရာအဆင့်  နွားသိုးတစ်ကောင်ရဲ့စွမ်းအားရှိတဲ့ အနီရောင်မီးတောက်နွားသိုးဆေဘာဓါးရှိပါတယ်။

သူက ဒီစွမ်းအားကို တစ်ကြိမ်သာ သုံးနိုင်ပေမယ့် လင်တျန်းဇောင်ကို သတ်ဖို့က လုံလောက်ပါတယ်။

ကြောက်မက်ဖွယ်နွားသိုးတစ်ကောင်ရဲ့စွမ်းအားက သူ့ခန္ဓာကိုယ်ကို ထိတော့မယ့် အချိန်မှာပဲ သူ့နောက်ကျောက အနီရောင်မီးတောက် နွားသိုးဆေဘာဓါးကို ဆွဲထုတ်လိုက်ပါတယ်။

ပြီးတော့ သူ့ရဲ့ ရှိသမျှ စွမ်းအား အားလုံးနဲ့ ပိုင်းချလိုက်ပါတယ်။

နွားသိုးတစ်ကောင်ရဲ့ စွမ်းအားရယ်၊ နတ်ဆိုးဝံပုလွေနှစ်ကောင်ရဲ့ စွမ်းအားနဲ့ ကြောက်မက်ဖွယ်ကောင်းတဲ့ ဆေဘာအလင်းတို့က ပေါင်းစပ်ခြင်းအဆင့်တစ်စွမ်းအားနဲ့ အတူတကွပေါင်းစည်သွားပြီး တစ်ချိန်ထဲမှာကို ပြေးထွက်သွားခဲ့ပါတယ်။

“ဘုန်း ဘုန်း”

ကြောက်မက်ဖွယ်ကောင်းတဲ့ စွမ်းအားနှစ်ခုက တစ်ခုနဲ့တစ်ခု ရင်ဆိုင်မိသွားခဲ့ပါတယ်။ ရင်ပြင်မှာ ရှိတဲ့ တိုက်ခိုက်ရေးကွင်းက နှစ်ခြမ်းကွဲသွားခဲ့ပြီးနောက် အကာအရံတွေအားလုံး အမှုန့်ဖြစ်သွားခဲ့ပါတယ်။

နတ်ဘုရားရေးရာ ဓားဆွဲထုတ်ခြင်းစနစ်( ယန်ချီ )စနစ်စာစဥ် အတွဲ ၁ (ခွင့်ပြုချက်ရပြီး)Where stories live. Discover now