Ch 46 to 50

429 49 0
                                    

Chapter 46 - တိုက်ခိုက်ရေးစွမ်းအား ဂျင် ၄၀၀၀၀

သခင်ရှုမူက မြွေမိုးကြိုးသိုင်းသင်တန်းကျောင်းမှာ သိပ်အကြာကြီး မနေပဲ ထွက်ခွာသွားခဲ့ပါတယ်။

နောက်တစ်ရက်မှာတော့ ယန်ချီရဲ့ ခန္ဓာကိုယ်ထဲက ချီစွမ်းအင်တွေက ပြန်လည် ကောင်းမွန်လာခဲ့ပါတယ်။

ဒီနေ့မှာ ယန်ချီက ချီစွမ်းအင်တွေ ပြည့်လည် ပြည့်လာမှာကို သိပါတယ်။

သူက တိတ်တဆိတ် နှာခေါင်းရှုံ့လိုက်ပါတယ်။

သူက လင်တျန်းဇောင်နဲ့ ဟွမ်ကျန်ကို အနှေးနဲ့ အမြန် ရှာရလိမ့်မှာပါ။

အခု သူ လုပ်ဖို့ လိုအပ်တာက သူ့ဆေဘာကို ဆွဲထုတ်ဖို့ပါပဲ။

နောက်ဆုံးတော့ သူနောက်ကျောဓါးအိမ်ထဲက အနီရောင်မီးတောက် နွားသိုးဆေဘာဓါးကို ဆွဲထုတ်လိုက်ပါတယ်။

“၇၅၄ ကြိမ်”

“၇၅၅ ကြိမ်”

“၇၅၆ ကြိမ်”

ဓါးဆွဲထုတ်နှုန်းက ဆယ်ဆ တိုးတက်လာခဲ့ပါတယ်။

ယန်ချီရဲ့ ဓါးဆွဲထုတ်တာကို ကြည့်ရတာ အစစ်မှန်း အရိပ်မှန်းတောင် မသိနိုင်ကြပါဘူး။

ဓါးဆွဲထုတ်ခြင်းကြောင့် သူ့အနေနဲ့ ဓါးဆွဲထုတ်မှတ်တွေ ရလာသလို သူရဲ့ တိုက်ခိုက်ရေးစွမ်းအားလည်း တိုးတက်လာခဲ့ပါတယ်။

တချိန်တည်းမှာ သူက ဆေဘာဓါးကို အရူးအမူး ဆွဲထုတ်လေလေ သူရဲ့ တိုက်ခိုက်ရေး စွမ်းအားက အရူးအမူး တိုးတက်လာလေလေပါပဲ။

ဆယ်ရက်ခန့် အကြာမှာတော့ …။

“အကြိမ် ၁၀၀၀၀”

ဆယ်ရက်အတွင်း ယန်ချီက ဓါးအကြိမ် ၁၀၀၀၀ ကို အောင်မြင်အောင် ဆွဲထုတ်နိုင်ခဲ့ပါတယ်။

သူက သူ့ရဲ့ လက်ရှိ တိုက်ခိုက်ရေးစွမ်းအားကို စမ်းသပ်ချင်နေခဲ့ပါတယ်။

သူက စွမ်းအားစမ်းသပ်တဲ့ ကိရိယာအရှေ့ ရောက်တဲ့အခါ လက်သီးတစ်ချက် ထိုးလိုက်ပါယ်။

“တိုက်ခိုက်ရေး စွမ်းအား ဂျင် ၅၀၀၀၀”

စွမ်းအားစမ်းသပ်တဲ့ ကိရိယာပေါ်မှာတော့ ယန်ချီရဲ့ တိုက်ခိုက်ရေးစွမ်းအား ပေါ်လာခဲ့ပါတယ်။

နတ်ဘုရားရေးရာ ဓားဆွဲထုတ်ခြင်းစနစ်( ယန်ချီ )စနစ်စာစဥ် အတွဲ ၁ (ခွင့်ပြုချက်ရပြီး)Where stories live. Discover now