My possession(Taemark)

397 31 4
                                    

My Possession (Taemark)

One Shot

Mark ဒီနေ့ Dreamအဆောင်ဘက်မှာ အကတိုက်ဖို့ရှိတာကြောင့် ည2နာရီကျော်မှ 127 Drom ကိုပြန်ရောက်လာသည်။

ဝင်လာလာချင်း သူ့အခန်းထဲမှာ ထိုင်ကာ သီချင်းရေးနေပုံရတဲ့ အကို ထယ်ယုံးကို တွေ့လိုက်ရသည်။

ဘေးနားမှာ Coffeeဘူးကို ချထားပြီး ကြမ်းပြင်ပေါ်အားရပါးရထိုင်ကာ Mark အိပ်တဲ့ ကုတင်ကိုမှီရင်း သီချင်းရေးနေတဲ့ Taeyongက Mark ဝင်လာတာမြင်တော့ တစ်ချက်မော့ကြည့်ပြီး စာရွက်ပေါ်က သီချင်းစာသားတွေဆီ ပြန်အာရုံစိုက်လို့နေသည်။

Markက အပေါ်ထပ်အနွေးထည် ခပ်ထူထူကို ဇစ်ဖြုတ်ကာ ချွတ်လိုက်ပြီး ဘေးက ထိုင်ခုံပေါ်လွှားတင်ကာ ရေချိုးခန်းထဲအရင်ဝင်ပြီး ခြေလက်ဆေး မျက်နှာသစ်သည်။

ပြန်ထွက်လာကာ မှန်တင်ခုံပေါ်က Toner ဘူးကိုယူရင်း မျက်နှာကို ဂွမ်းနဲ့ အသာပွတ်လိုက်ပြီး Cream တစ်ခုကိုလိမ်းကာ ကြမ်းပြင်ပေါ်က Taeyong ဘေးနား လာတိုးလို့ ကပ်ထိုင်သည်။

''Mad City? ''

သီချင်းစာရွက်ခေါင်းစဥ်ကို ကြည့်ပြီး Mark အထူးတဆန်း အသံလေးက ညသန်းခေါင်းကျော်မှာ ခပ်ကျယ်ကျယ်လေးထွက်လာတာကြောင့် Taeyong မျက်ခုံးတစ်ချက်ကျုံ့ပြလိုက်သည်။

လက်ထဲက သီချင်းစာရွက်ကို ယူပြီး အသေးစိတ်ကြည့်နေတဲ့ Markကလည်း မျက်ခုံးလေးတွေကျုံ့ထားလို့ ။

''ဘာလို့ Rap part တွေချည်းပဲလဲ''

''မင်းမဆိုနိုင်ရင် Hyg သီချင်းပြောင်းလိုက်ရမလား ''

''ဒီနေရာက  Jaehyun Hyg ဆိုပြီးတာနဲ့ နောက်ပိုင်းတောက်လျှောက်ကို ကျွန်တော်နဲ့ Hygပဲဆိုရမှာလား''

အထူးတဆန်းနဲ့ A4ငါးရွက်စာ အကြမ်းချရေးထားတဲ့ စာသားတွေကို Markက ရှေ့ပြန်နောက်ပြန် ပြန်လှန်လို့ ကြည့်နေသည်။

''သန့်စင်ခန်း ခဏသုံးမယ် ''

''အွန်း... ''

သူ့ပေါင်ပေါ် လွယ်အိတ်တွေရော စာအုပ်တွေပါ တင်ပေးခဲ့ပြီး အိပ်ခန်းနဲ့တဆက်ထဲရှိတဲ့ အိမ်သာထဲဝင်သွားတဲ့ အကိုက အကြာကြီးထိုင်ထားရလို့ ခြေထောက်ကျဥ်နေပုံရသည်။

 NCT One Shot Collection (Zawgyi +Unicode) Where stories live. Discover now