Love

698 70 13
                                    


unicode

"ငါ့သူငယ်ချင်းကို ရန်စတာ မင်းလား"

ကျောင်း၏အနောက်ဖက် အမှိုက်ပစ်သည့်နေရာတွင် အသံကျယ်ကျယ်ဖြင့် လက်သီးလက်မောင်းတန်းနေသူမှာ ယန်းဂျောင်ဝန်းပင်ဖြစ်သည်။အထက်တန်းနောက်ဆုံးနှစ်တွင် ထိပ်ဆုံးသုံးယောက်(နောက်ဆုံးမှ စရေလျှင်)အထဲပါသလို တိုက်ကွမ်ဒိုပါ ကျွမ်းသည့်အတွက် ယန်းဂျောင်ဝန်းကို တစ်ကျောင်းလုံးနီးပါးမစနောက်ရဲသော်လည်း ကျောင်းသားသစ်ဖြစ်သည့် ဂျပန်လေးကိုတော့အကြောင်းမသိ စနောက်ချင်ကြသည်။

ကျောင်းယူနီဖောင်းကိုတီရှပ်တစ်ထည်ခံကာ ကြယ်သီးဖွင့်ဝတ်ထားသော ဂျောင်ဝန်းနောက်တွင် ကျောင်းသားသစ်နီခီက ပါးစောင်ကိုလျှာဖြင့်ထိုးရင်း ရပ်နေသည်။

သူတို့နှစ်ယောက်ရှေ့တွင်တော့ ရွယ်တူကျောင်းသားခြောက်ယောက်လောက်က အုပ်စုလိုက်ရပ်နေကြပြီး ရှေ့ဆုံးမှတစ်ယောက်ကတော့ နီခီ့ထမင်းပန်းကန်ကိုမှောက်ခဲ့သူဖြစ်သည်။

"မတော်တဆလို့ပြောခဲ့တယ်မလား
ဘာတွေကို ဒီလောက်မကျေမချမ်းဖြစ်နေရတာလဲ"

"မင်းရဲ့ ဘယ်အပေါက်ကနေ မတော်တဆလို့ထွက်တာလဲ
ဂျောင်ဝန်း ကြာတယ် ဗျင်းကွာ"

သူက အကျိုးအကြောင်းမေးပြီးမှ ကိစ္စရှင်းရန်ကြံရွယ်ထားသော်လည်း စိတ်မြန်ကိုယ်မြန်ရှိသောနီခီသည် ရှေ့ဆုံးမှတစ်ယောက်ကိုဆွဲထိုးနေပြီးဖြစ်သည်။မထူးတော့.....။ဒီတစ်လအတွင်း ဘယ်ရန်ပွဲမှမပါတော့ပါဘူးဟူသော ကတိတည်ထားသောသူ၏မျက်နှာကိုမြင်ယောင်ကာ အနီးဆုံးမှတစ်ယောက်၏မျက်ခွက်ကို နှစ်ဆင့်လောက်ပစ်ကန်လိုက်သည်။

'ကတိမတည်နိုင်တာ တောင်းပန်ပါတယ် ကိုကိုရယ်'

🖇

အရှေ့မှကြည့်ရသည်ကတော့ အိမ်ထဲတွင်မည်သူမျှမရှိသေးသည့်ပုံ။အမေလည်း အလုပ်မှပြန်မလာနိုင်သေးသလို ကိုကိုလည်းရောက်နေသည့်အရိပ်အယောင်တို့မမြင်။သူ right time တွင်အိမ်ပြန်ရောက်လာသည်ထင်သည်။မည်သူမှ အိမ်ရောက်မလာသေးခင်တွင် သူနှုတ်ခမ်းမှသွေးစတို့မခြောက်သေးသည့်ဒဏ်ရာကို လက်စဖျောက်မှဖြစ်မည်။

Would you be my lover?(commission) Where stories live. Discover now