Ch 61 to 65

397 49 0
                                    


Chapter 61 - လင်တျန်းဇောင်ကို တိုက်ခိုက်ဖို့ စိန်ခေါ်ခြင်း

“ဆရာသခင် ခင်ဗျ။ ခင်ဗျားရဲ့ အသက်အရွယ်နဲ့ဆရာသခင်အဆင့်ကို ရောက်လာတာဆိုတော့ အနာဂတ်ရည်မှန်းချက်က ဘာများလဲ”

“နတ်ဆိုးမိစ္ဆာတွေကို ဖျက်ဆီးပစ်ဖို့”

ယန်ချီက သူ့ဆီကို သတင်းထောက်တွေ လာကတည်းက သူက ဘာပြောရင်ကောင်းမလဲ တွေးနေခဲ့ပါတယ်။ ဘာပဲဖြစ်ဖြစ် သူ့အနေနဲ့ ဖုံးကွယ်စရာ မရှိပါဘူး။

“ဆရာသခင်ခင်ဗျ အခု ခင်ဗျား အလုပ်ချင်ဆုံးက ဘာများလဲ”

“လက်စားချေဖို့ပါ”

ရာချီတဲ့ သတင်းထောက်တွေအားလုံး အံ့အားသင့်သွားခဲ့ပါတယ်။ သူတို့တွေက ယန်ချီတစ်ယောက် ဒီလိုအဖြေမျိုး ဖြေမှာ မဟုတ်ဘူးလို့ မျှော်လင့်ထားတာ ထင်ရှားပါတယ်။

“ဆရာသခင်ခင်ဗျ ခင်ဗျားရဲ့ ရန်သူက ဘယ်သူများလဲလို့ ကျွန်တော် မေးလို့ ရမလား”

“လင်တျန်းဇောင် ဟွမ်ကျန်”

“လင်တျန်းဇောင်နဲ့ ဟွမ်ကျန်လား ”

သတင်းထောက်တွေအားလုံး ထိတ်လန့်သွားကြပါတယ်။

လင်တျန်းဇောင်က ကျားနက်သိုင်းသင်တန်းကျောင်းက ခန်းမသခင်ဖြစ်ပြီး ဟွမ်ကျန်းက ထန်လုံသိုင်းသင်တန်းကျောင်းက ခန်းမသခင် ဖြစ်ပါတယ်။ တစ်ခုက သိုင်းသင်တန်းကျောင်းတွေထဲမှာ အဆင့်ကိုး ရှိပြီး ကျန်တစ်ခုက အဆင့်သုံး ရှိပါတယ်။

“ဒါက သတင်းကြီးပါပဲ။ တကယ့်ကို အုတ်အော်သောင်းနင်းဖြစ်မယ့် သတင်းပါပဲ”

လင်ဟိုင်အခြေစိုက်စခန်းက ရုပ်မြင်သံကြားဌာနတွေက ဒီသတင်းကို အချိန်နဲ့ တပြေးညီ တိုက်ရိုက် ထုတ်လွှင့်နေခဲ့ပါတယ်။

လူတိုင်းက ယန်ချီရဲ့ ဖြေကြားနေမှုကို မြင်တွေ့ခဲ့ရပါတယ်။ ဒါကို မြင်တော့ လူတိုင်းက အလွန်တရာ အံ့အားသင့်နေခဲ့ပါတယ်။

စွမ်းအားစမ်းသပ်တဲ့ ကိရိယာက ဖော်ပြတဲ့ စွမ်းအားအရ ယန်ချီရဲ့ တိုက်ခိုက်ရေးစွမ်းအားက ဂျင် ၁၅၀၀၀၀ ရှိတာကြောင့် သူ့အနေနဲ့ မူလဆရာသခင်အဆင့်ကို ချိုးဖြတ်ရောက်ရှိသွားမှန်း သိပါတယ်။

နတ်ဘုရားရေးရာ ဓားဆွဲထုတ်ခြင်းစနစ်( ယန်ချီ )စနစ်စာစဥ် အတွဲ ၁ (ခွင့်ပြုချက်ရပြီး)Where stories live. Discover now