Chapter(25)

359 73 0
                                    

Chapter(25)အတန်းဖော်များရဲ့လက်ဆောင်

လင်းယုတုန်သည် သူတို့က အချစ်ဦးနှင့်တွေ့ဆုံနေသလိုမျိုးခံစားရတယ်။သူက ခံစားချက်ကောင်းမွန်စွာဖြင့်ကျောင်းကိုသွားခဲ့တယ်။သူက ကားရပ်လိုက်တာနှင့် တစ်စုံတစ်ယောက်က သူ့ကိုခေါ်လာခဲ့တယ် "လင်းယုတုန်!"

လင်းယုတုန်က လှည့်ကြည့်လိုက်တော့ အဖွဲ့ခေါင်းဆောင်ရှို့ကျင်ကိုမြင်လိုက်ရတယ်။သူက ထိုသူရောက်လာသည့်တိုင်အောင် တစ်နေရာတည်းမှာဘဲ ရပ်နေပြီး ပြုံးပြီးမေးလိုက်တယ် "အတန်းခေါင်းဆောင်"

ရှို့ကျင်သည် မြင့်မားသည့်အရပ်ရှိပြီး အဆင့်ကောင်းရှိရုံသာမက စိတ်ဓာတ်ကောင်းမွန်ပြီး ဉာဏ်ရည်မြင့်မားသူဖြစ်ကာ လူတိုင်းနီးပါးနှင့်ပင် ခင်မင်ရီးနှီးသူဖြစ်တယ်။သူက အနက်ရောင်သိုးမွေးဦးထုပ်အဝိုင်းကိုဆောင်းထားတာက သူ့ရဲ့ကြီးမားသည့်မျက်နှာကို လပြည့်ဝန်းလိုဖြစ်နေစေတယ်။သူက ဖြူဖွေးတဲ့သွားတွေပေါ်အောင်ပြုံးပြီးပြောလိုက်တယ် "မင်းလည်း စောလာသားဘဲ..မနေ့တုန်းက ဘာလို့ကျောင်းမလာတာလဲ?စာသင်ခန်းထဲမှာ လေအေးပေးစက်တပ်ထားလို့ နွေဦးလိုနွေးထွေးတယ်...အာ...မင်းချစ်သူတပ်ထားပေးတာဘဲ...*ငါတို့အားလုံးက အလင်းရောင်ကို ချေးငှားတာဘဲ..အိုး..မဟုတ်သေးဘူး..တစ်ကျောင်းလုံးက အလင်းရောင်ကိုချေးငှားတာဘဲ"

(လင်းယုတုန်ကြောင့် တခြားကျောင်းသားတွေပါ အခွင့်ကောင်းရတာကိုဆိုလိုတယ်)

လင်းယုတုန်၏ဒဏ်ရာဟောင်းက တစ်ဖန်ပြန်ပြီးသွေးထွက်လာသလိုဖြစ်သွားပေမဲ့ သူက အလိုက်သင့်ဘဲ ပြောလိုက်တယ် "နွေးထွေးတာကောင်းပါတယ်...နွေးထွေးတာကောင်းပါတယ်"

ရှို့ကျင်က စကားပြောရင်း သူ့ရဲ့သန်မာသည့်လက်တွေက လင်းယုတုန်၏ပခုံးကို ရိုက်လိုက်တာက လင်းယုတုန်ကို မြေပြင်ပေါ်တွန်းထုတ်နီးပါးပင်။

"အဲဒါက နွေးထွေးတယ်..မနေ့က အတန်းတက်တော့ ငါတို့အရမ်းစိတ်လှုပ်ရှားသွားတယ်။ဆရာကတောင် အတန်းထဲမှာ မင်းနာမည်ပြောပြသေးတယ်။နောက်တော့ ငါတို့အတန်းထဲမှာဆွေးနွေးပြီးတာနဲ့ မင်းကိုအရမ်းကောင်းတဲ့creditပေးမယ်လို့ဆုံးဖြတ်လိုက်တယ်"

ရွှေရောင်လွှမ်းသောလက်ထပ်ခြင်း(ပြန်လည်မွေးဖွာခြင်း)  ရွှေရောင်လွှမ်းသောလက်ထပ်ခြင်းWhere stories live. Discover now