Puppet《1》

197 7 2
                                    

Unicode

အလွန်တရာမျှ တိတ်ဆိတ်လွန်းတဲ့ တောကြီးထဲတွင်18နှစ်အရွယ်ကောင်လေး တစ်ယောက်လမ်းပျောက်နေခဲ့သည်။မျက်လုံးအဆုံးထိ တွေ့နေရတာကသစ်ကိုင်းခြောက် အပင်တွေကြည့်သာရှိနေသည်။

: အ~အ~အ :

ကျီးကန်တစ်ကောင်ရဲ့ အသံဟာသူ့နောက်ဘက်ကနေပေါ်ထွက်လာခဲ့သည်။သူလှည့်ကြည့်လိုက်တော့
စံအိမ်ကြီးတစ်အိမ်က ထိုသစ်တောကြီးရဲ့အလယ်မှာရှိနေသည်။သူ့အရွယ်က စူးဆန်းခြင်စိတ်အပျင်းပြဆုံးအရွယ်ဆိုတော့ ထိုစံအိမ်ကြီးဆီကိုခြေဦးတည့်မိသည်။
ထိုစံအိမ်ကြီးကို အဝေးကနေခြုံ ကြည့်လိုက်တော့အတော်လေးအိုဟောင်း နေလေပြီဂျပန်ခေတ်ကအိမ်ကြီးလိုပဲ ပြတင်းပေါက်တွေမှာ တချို့နေရာကတံခါးပေါက်တစ်ဖက်ပဲရှိပြီး တချို့နေရာတွေကရှိမနေသူ့မျက်လုံးကို ဖမ်းစားသွားတဲ့ဖြူလွှလွှအရိပ်လေးတစ်ခု ပြတင်းပေါက်ကနေ သူ့အလာကိုကြည့်နေသည်။သူလည်းစံအိမ်အနီးကို ပြေးလာမိသည်။အနီးရောက်တော့ ထိုအရိပ်လေးမရှိတော့ ရင်ထဲမှာလည်းတစ်ခုခုကို လွမ်းဆွတ်နေသလို သူထိုအရိပ်ဖြူလေးကို ရှာရန်စံအိမ်တံခါးမကြီးနားကိုလာခဲ့ကာကျွန်းတံခါးကြီးကို ဆွဲဖွင့်လိုက်တော့.......

: အ~အ~အ~အ~!!! :

များစွာသောကျီးကန်းများက သူဆီကိုတဟုန်တိုးပျံသန်းလာကြသည်။

: Click! :

လက်ဖြောက်တီးသံနဲ့ အတူသူ့မျက်လုံးအစုံတို့ ဟာပွင့်လာသည်။မျက်နှာကျပ်ပေါ်က မီးအလင်းအဆူးကြောင့် မျက်လုံးတွေကိုပြန်မှိတ်ပြီး ဘေးဘက်ကိုအကြည့်လွှဲလိုက်​တော့.....

"သားJake အဆင်ပြေရဲ့လား"

ဘေးမှာထိုင်နေရာက နေသူဆီကိုလာကာ ဆိုးရိမ်စွာမေးလာတဲ့ သူ့ရဲ့တစ်ဦးတည်းသောMomကိုပြုံးပြလိုက်ပြီး ခေါင်းရမ်းပြလိုက်​တော့သည်။ဒါကိုစိတ်မချဟန်...

"Drသားရဲ့အခြေနေလေးသိလို့ရမလား"

"အွန်းnurse လိုအပ်တဲ့ဆေးတွေကိုကလေးကိုပေးလိုက်ဦး က​​လေးသူနဲ့လိုက်သွားလိုက်နော်"

Dr.အပြောကိုလက်ခံတဲ့ အနေနဲ့သူလိုက်သွားလိုက်သည်။သူ့ကိုပထုတ်တာသိပေမယ့် ပြောမယ့်အ​ကြောင်းတွေလည်း သူသိပါသည်။လူကြီးတွေရှေ့မှာတော့ သူမသိခြင်ယောင်ဆောင်ထားလိုက်သည်။nurseဆီကနေ ဆေးတွေယူပြီး အပြင်ဘက်ထိုင်ခုံလေးမှာMomအလာကို ထိုင်စောင့်နေလိုက်သည်။......

PuppetWhere stories live. Discover now