Ego dominated love(Dotae)

538 43 6
                                    

"Santaက ခရစ်စမတ်ညမှာ လက်ဆောင်တွေ လာပေးတတ်တယ်လို့ ငယ်ငယ်က ယုံကြည်ခဲ့ဖူးတဲ့ မျှော်လင့်ချက်ဟာလည်း ဒီနှစ် ခရစ်စမတ် မှာပါ ဖြည့်ဆည်းပေးရင်ကောင်းမယ်။"

ကျွန်တော် ကောင်လေးတစ်ယောက်ကို အမြတ်တနိုးသဘောကျနေတယ်။ အဲ့ဒီ့ကောင်လေးက လူတွေနဲ့ခပ်ကင်းကင်းနေချင်ပြီး စာအုပ်တွေကိုခုံမင်တတ်တယ်ထင်တယ်။ ကျွန်တော့်ကိုရှိလို့ရှိမှန်းတောင်မသိတဲ့ မျက်မှန်လေးနဲ့စာကြမ်းပိုးလေးတစ်ယောက်။

ဒီနေ့ ကျွန်တော် သူ့နဲ့အနီးဆုံး ခုံတန်းလေးမှာ ထိုင်ရင်း သူ့ကိုငေးကြည့်နေဖြစ်တယ်။ ကျောင်းဆင်းချိန်ဖြစ်နေလို့ ကျောင်းပတ်ဝန်းကျင်ရဲ့ မြင်ကွင်းတိုင်းမှာ ရှုပ်ရှပ်ခက်နေပေမယ့် ကျွန်တော့မျက်စိထဲက လူသားလေးကတော့ သစ်ပင်အောက်ကခုံတန်းရှည်လေးမှာ စာထိုင်ဖတ်ရင်း တိတ်ဆိတ်အေးချမ်းလို့နေခဲ့တယ်။

လက်ထဲက စာအုပ်ဟာ အဆုံးသတ်သွားပြီထင်ပါရဲ့ နောက်ဆုံးစာမျက်နှာကို ဖုံးလိုက်ပြီး သူ့မျက်လုံးတွေက သူ့ဘေးကခုံတန်းမှာထိုင်နေတဲ့ ကျွန်တော့်ဆီဦးတည်လို့လာတယ်။

''ဘာလိုချင်လို့လဲ ''

သူ့ဆီက တည်တည်ငြိမ်ငြိမ်နဲ့ ပထမဆုံးထွက်လာတဲ့ စကားသံကိုကြားတော့ ကျွန်တော့်အာခေါင်တွေတောင် ခြောက်ကပ်သွားသလိုပါပဲ။

" မင်းငါ့နောက်ကိုလိုက်နေတာ ၆ရက်နဲ့ နေ့တစ်ပိုင်းရှိပြီ ။ တကယ်ပဲ ဘာလိုချင်လို့လဲ''

သူ့ရဲ့မေးခွန်းကို မဖြေခင် သူပြောတဲ့ ၆ရက်ဆိုတဲ့အသံကြောင့် ကျွန်တော့်စိတ်ထဲ ကြည်နူးမှုလေးက ဖြတ်ပြေးလို့သွားတယ်။ အနည်းဆုံးတော့ ၆ရက်လုံးလုံး သူကျွန်တော့်ကို သတိထားမိတယ်ဆိုတဲ့ သဘောပေါ့ ။

''မင်းကိုငါ စကားပြောဖို့ အခွင့်အရေးပေးခဲ့ပြီးပြီလို့ ထင်တယ်။ နောက်တစ်ခါ ငါ့နောက်က ထပ်မလိုက်နဲ့ စာဖတ်ရတာ အာရုံနောက်တယ်။ "

ဘာမှမဖြေရသေးပါပဲ ကြောင်ကြည့်နေတဲ့ ကျွန်တော့်ကို သူက မဲ့ပြုံးလေး ပြုံးကာပြောရင်း နေရာမှ ထထွက်သွားသည်တဲ့ ။

 NCT One Shot Collection (Zawgyi +Unicode) Where stories live. Discover now