Ch 86 to 90

348 46 0
                                    


Chapter 86 - ဓါးဆွဲထုတ်မှတ် + ၃၀၀၀၀၀

ထွက်ပြေးသွားတဲ့ အလယ်အလတ်နတ်ဆိုးအရှင်သခင်ကို ကြည့်ပြီး ယန်ချီက အေးစက်စက်ပြုံးလိုက်ပြီး အရှေ့ကို ခုန်တက်လိုက်ပါတယ်။

ချက်ချင်းပင် သူက အလယ်အလတ်နတ်ဆိုးအရှင်သခင်ရဲ့ အရှေ့ကို ရောက်သွားခဲ့ပါတယ်။

သူက ဒီမတိုင်ခင်က အလယ်အလတ်နတ်ဆိုးအရှင်သခင်ကို မသတ်ဖူးပါဘူး။ ဒီအလယ်အလတ်နတ်ဆိုးအရှင်သခင်ကို သတ်လိုက်ရင် ဓါးဆွဲထုတ်မှတ် ဘယ်လောက်ရမလဲဆိုတာ သိချင်နေခဲ့ပါတယ်။

“လူသား မင်းက တကယ်ကို ငါနဲ့ တိုက်ခိုက်ချင်တာလား”

အလယ်အလတ်နတ်ဆိုးအရှင်သခင်က ယန်ချီကို စူးစိုက်ကြည့်လိုက်ပါတယ်။

“ငါ မင်းနဲ့ မတိုက်ခိုက်ချင်ဘူး” ယန်ချီက သူ့လက်ထဲက တစ္ဆေငိုညည်းသံဓါးကို ဝှေ့ယမ်းလိုက်ပြီး ဆက်ပြောလိုက်တယ်။ “ငါ မင်းကို သတ်ချင်တာ”

အလယ်အလတ် နတ်ဆိုးအရှင်သခင်က ဒီစကားကို ကြားတော့ သူအမူအယာ အေးစက်သွားခဲ့ပါတယ်။

အလယ်အလတ်နတ်ဆိုးအရှင်သခင်အနေနဲ့ သူက ယန်ချီရဲ့ ပြိုင်ဖက်မဖြစ်နိုင်မှန်း သိပါတယ်။ ဒါပေမယ့် သူ့အနေနဲ့ ယန်ချီကို တိုက်ခိုက်ဖို့အပြင် လွတ်မြောက်ဖို့အတွက် အခြားနည်းလမ်း မရှိတော့ပါဘူး။

“လူသား မင်း ငါ့ကို သတ်ချင်တယ်။ ငါလည်း မင်းကို သတ်ချင်တယ်”

သူ့ရဲ့ စကား ဆုံးသွားတာနဲ့ အလယ်အလတ်နတ်ဆိုးအရှင်သခင်က လက်သီးတစ်ချက် ထိုးလိုက်ပါတယ်။ နတ်ဆိုးအရှိန်အဝါတွေ ပြည့်နှက်နေတဲ့ လက်သီးက ယန်ချီဆီကို ဦးတည်ဝင်လာခဲ့ပါတယ်။

ဒီတိုက်ခိုက်မှုက ယန်ချီအတွက် ဘာမှ ခြိမ်းခြောက်မှု မရှိပါဘူး။

နတ်ဆိုးအရှိန်အဝါတွေ ရောယှက်နေတဲ့ လက်သီးချက်က ယန်ချီကို ထိတော့မယ့်အချိန်မှာ ယန်ချီက ဖျတ်ခနဲ ရှောင်တိမ်းလိုက်ပါတယ်။

သူက စိတ်ဝိဉာဉ်ခန္ဓာကိုယ်နဲ့ ဆရာသခင်အဆင့် ဖြစ်ပါတယ်။ ဒါကြောင့် သူ့ရဲ့ တိုက်ခိုက်ရေးစွမ်းအားက အလယ်အလတ်နတ်ဆိုးအရှင်သခင်အဆင့်နဲ့ တူပါတယ်။ ဒါပေမယ့်လည်း သူ့မှာ ပေါင်းစပ်ခြင်းအဆင့်တစ်နဲ့ ဖန်ရွှေခန္ဓာကိုယ် အဆင့်တစ် စွမ်းအားတို့ ထပ်ပေါင်းထားပါတယ်။

နတ်ဘုရားရေးရာ ဓားဆွဲထုတ်ခြင်းစနစ်( ယန်ချီ )စနစ်စာစဥ် အတွဲ ၁ (ခွင့်ပြုချက်ရပြီး)Where stories live. Discover now