Ch 91 to 95

351 49 0
                                    


Chapter 91 - ပထမဦးဆုံး ပြိုင်ပွဲ

ယန်ချီက သူ့ဆီပြေးဝင်လာတဲ့ အလယ်အလတ်နတ်ဆိုးအရှင်သခင်ကို ကြည့်နေပေမယ့် သူ့မျက်နှာထက်မှာတော့ တည်ငြိမ်နေခဲ့ပါတယ်။

အလယ်အလတ်နတ်ဆိုးအရှင်သခင်ရဲ့ လက်ထဲက တူက အလေးချိန် ဂျင် တစ်သောင်းလေးပါတယ်။ ဒီတူနဲ့သာ တစ်ယောက်ယောက်ကို ရိုက်နှက်မိလိုက်ရင် အကျိုးဆက်ကတော့ မတွေးရဲစရာပါပဲ။

ယန်ချီက အလယ်အလတ်နတ်ဆိုးအရှင်သခင်ကို စူးစိုက်ကြည့်နေခဲ့ပါတယ်။

သူ့ရဲ့ လက်ကတော့ နောက်ကျောမှာ လွယ်ထားတဲ့ ဆေဘာဓါးရဲ့ လက်ကိုင်ဆီ ရောက်နေခဲ့ပါတယ်။

အလယ်အလတ်နတ်ဆိုးအရှင်သခင်က သူနဲ့ ခြေလှမ်းအနည်းငယ်ပဲ ဝေးတော့မယ့်အချိန်မှာ ယန်ချီရဲ့ မျက်လုံးတွေကနေ လက်ခနဲ ဖြစ်သွားခဲ့ပါတယ်။

“ဆေဘာဓါးကို ဆွဲထုတ်ခြင်း . . . .”

“ဝှစ်”

ကြောက်မက်ဖွယ်ကောင်းတဲ့ ဆေဘာအလင်းတစ်ခုက တစ္ဆေငိုညည်းသံဓါးဆီကနေ ထွက်ပေါ်လာခဲ့ပါတယ်။

အလယ်အလတ်နတ်ဆိုးအရှင်သခင်က ကြောက်မက်ဖွယ်ကောင်းတဲ့ ဆေဘာအလင်းကို မြင်လိုက်တဲ့အခါ ကြောက်လန့်စိတ်ကြောင့် သူ့မျက်နှာကဖြူလျော့သွားခဲ့ပါတယ်။

သူက လျင်မြန်စွာနဲ့ နတ်ဆိုးစွမ်းအားတွေကို တူဆီပို့လွှတ်လိုက်တော့ တူဆီကနေ နတ်ဆိုးစွမ်အားတစ်ခု ထွက်ပေါ်လာခဲ့ပါတယ်။

ဆေဘာအလင်းနဲ့ နတ်ဆိုးစွမ်းအား. . .. ။

အဲ့ဒီနှစ်ခုက လေထဲမှာ ရင်ဆိုင်မိသွားကြပါတယ်။

အလယ်အလတ်နတ်ဆိုးအရှင်သခင်က အစောပိုင်းမှာ သူ့ရဲ့ နတ်ဆိုးစွမ်းအားတွေကို သုံးပြီး ကြောက်မက်ဖွယ်ကောင်းတဲ့ ဆေဘာဓါးအလင်းကို ခုခံချင်ခဲ့ပါတယ်။

ကံမကောင်းစွာနဲ့ တစ္ဆေငိုညည်းသံဓါးနဲ့ ပေါင်းစပ်ခြင်းအဆင့် တစ်ရဲ့ ဓါးအလင်းတို့က ဟန်ပြမဟုတ်ပါဘူး။

ဆေဘာဓါးအလင်းနဲ့ နတ်ဆိုးစွမ်းအားတို့ ရင်ဆိုင်မိကြတဲ့အချိန်မှာ နတ်ဆိုးစွမ်းအားက လုံးဝကို ကွဲကျေသွားခဲ့ပြီး အစအနပါမကျန် ပျောက်ကွယ်သွားခဲ့ပါတယ်။

နတ်ဘုရားရေးရာ ဓားဆွဲထုတ်ခြင်းစနစ်( ယန်ချီ )စနစ်စာစဥ် အတွဲ ၁ (ခွင့်ပြုချက်ရပြီး)Where stories live. Discover now