Ch 101 to 105

344 39 0
                                    


Chapter 101- ဒါက လျှို့ဝှက်ချက်

စုရွှင်းအာက ယန်ချီကို စူးစိုက်ကြည့်လိုက်ပါတယ်။

သူမရဲ့ ခန္ဓာကိုယ်တစ်ခုလုံးမှာ စွမ်းအားတွေနဲ့ ပြည့်နှက်နေတယ်လို့ ခံစားခဲ့ရပါတယ်။ သူမရဲ့ တိုက်ခိုက်ရေးစွမ်းအားက သိုင်းတပည့်တစ်ယောက်ရဲ့ အစွမ်းထက်ပိုနေတယ်လို့ ခံစားရပါတယ်။

“သူမမှာ မူလခန္ဓာကိုယ် တကယ်ပိုင်ဆိုင်သွားတာလား”

“ယန်ချီ ကျွန်မ . . . ကျွန်မ မူလခန္ဓာကိုယ် ပိုင်ဆိုင်သွားတာလား”

“ငါ မင်းကို မူလခန္ဓာကိုယ်ပိုင်ဆိုင်အောင် လုပ်ပေးမယ်လို့ ပြောထားတယ်လေ။ ဒါပေမယ့် မင်းက ငါ လုပ်နိုင်တာကိုမှ မယုံကြည်တာ”

ယန်ချီက ပခုံးကို ကူကယ်ရာမဲ့စွာ တွန့်ပြလိုက်ပါတယ်။

ယန်ချီက ဒီလို ပြောလိုက်ပေမယ့်လည်း စုရွှင်းအာတစ်ယောက် ကတော့ မယုံကြည်နိုင်ဖြစ်နေခဲ့ပါတယ်။

“အရင်တုန်းက သူမမှာ မူလခန္ဓာကိုယ် မရှိခဲ့ပါဘူး ။ အခုတော့ သူမက ရုတ်တရက် ဘယ်လိုဖြစ်ပြီး မူလခန္ဓာကိုယ် ပိုင်ဆိုင်လာတာလဲ”

လုံးဝကို စဉ်းစားမရတဲ့ စုရွှင်းအာတစ်ယောက် စွမ်းအားစမ်းသပ်တဲ့ ကိရိယာအရှေ့ကို လျှောက်သွားခဲ့ပါတယ်။

သူမက သူမရဲ့ သွယ်လျတဲ့ လက်မောင်းလေးကို မြှောက်လိုက်ပြီး အသက်ကို ပြင်းစွာ ရှုသွင်းလိုက်ပြီး စွမ်းအားစမ်းသပ်တဲ့ ကိရိယာပေါ် ထိုးချလိုက်ပါတယ်။

“ဘန်း”

“တိုက်ခိုက်ရေးစွမ်းအား ဂျင် ၈၀၀၀”

စွမ်းအား စမ်းသပ်တဲ့ ကိရိယာပေါ်က နံပါတ်တွေကို ကြည့်ပြီး စုရွှင်းအာက အံ့သြမှင်တပ်နေခဲ့တာကြောင့် သူမရဲ့ အာရုံတွေကို အချိန်အတော်ကြာမှ ပြန်စုစည်းနိုင်ခဲ့ပါတယ်။

သူမက မူလသိုင်းတပည့်အဆင့်မှန်း သူမ သိပါတယ်။

မူလသိုင်းတပည့်တစ်ဦးအနေနဲ့ တိုက်ခိုက်ရေးစွမ်းအား ဂျင် ၄၀၀၀သာ ပိုင်ဆိုင်ပေမယ့် လက်ရှိမှာတော့ စွမ်းအားစမ်းသပ်တဲ့ ကိရိယာမှာ တိုက်ခိုက်ရေးစွမ်းအားက ဂျင် ၈၀၀၀ ဖြစ်နေခဲ့ပါတယ်။

နတ်ဘုရားရေးရာ ဓားဆွဲထုတ်ခြင်းစနစ်( ယန်ချီ )စနစ်စာစဥ် အတွဲ ၁ (ခွင့်ပြုချက်ရပြီး)Where stories live. Discover now