Ch 106 to 110

353 40 0
                                    


Chapter 106 -  စောင့်ဆိုင်းရကျိုးနပ်ခြင်း

ဝူရှောင်က ယန်ချီကို အေးတိအေးစက် ကြည့်လိုက်ပါတယ်။

“ဆရာသခင်တွေကို ပြစ်မှားလို့ မရဘူးဆိုတဲ့ စည်းမျဉ်းကို မင်း မသိဘူးလို့ ငါထင်တယ်”

ဝူရှောင်ရဲ့ အမြင်အရ ယန်ချီမှာ နောက်ခံအချို့ ရှိနေပေမယ့် ယန်ချီအနေနဲ့ သူ့ကို မပြစ်မှားသင့်ပါဘူး။ နောက်ခံမရှိဘူးဆိုရင်တော့ ပိုပြီး ဆိုးတာပေါ့။

ယန်ချီကတော့ ဘာမှမပြောခဲ့ပါဘူး။

သူ့ခန္ဓာကိုယ်ကနေ ဖိအားကို ထုတ်လွှတ်လိုက်ပါတယ်။

ခန်းမထဲက လေစီးကြောင်းတွေက ယန်ချီရဲ့ဖိအားကြောင့် အနှောက်အယှက် ဖြစ်သွားခဲ့ပါတယ်။

ဒီကြောက်မက်ဖွယ်ကောင်းတဲ့ ဖိအားက ဝူရှောင်ရဲ့ ခန္ဓာကိုယ်ဆီကို ထိမှန်သွားခဲ့ပါတယ်။

ချက်ချင်းပင် ဝူရှောင်တစ်ယောက် အသက်ရှုမရ ဖြစ်သွားခဲ့ပါတယ်။

သူ့ရဲ့ မျက်နှာကလည်း အလွန်တရာကို ဖြူလျော့နေခဲ့ပါတယ်။

ခန်းမထဲက ကျန်တဲ့လူတွေအားလုံးကလည်း ဒီလို ဖိအားကနေ မလွတ်မြောက်နိုင်ပဲ သူတို့ရဲ့ မျက်နှာတွေ ဖြူလျော့သွားခဲ့တယ်။

“မင်း. . .  မင်း . . . မင်း  .. .  မင်း . . . ”

ဝူရှောင်က ယန်ချီကို ကြောက်ရွံ့စွာ ကြည့်မိလိုက်ပါတယ်။

ဒီလို ဖိအားမျိုးက အလွန်ကြောက်မက်ဖွယ်ကောင်းပါတယ်။ သူ့အနေနဲ့ ဒီမတိုင်ခင်က ဒီလို ဖိအားမျိုး တခါမှ မခံစားဖူးပါဘူး။

ယန်ချီက ပြုံးလိုက်ပြီး သူ့ညာဖက်လက်ကို ဆွဲကုပ်သလို လုပ်လိုက်ပါတယ်။

သူက လေဟာနယ်ထဲကိုတောင် ဆွဲဖြဲနိုင်စွမ်း ရှိပါလား။

ချက်ချင်းပင် လေဟာနယ်အပေါက်တစ်ခု ပွင့်လာခဲ့ပြီး ခန်းမထဲက လေတွေအားလုံးကို စုပ်ယူလိုက်ပါတယ်။ အဲ့ဒါကြောင့် လူတိုင်း အသက်ရှုရခက်ခဲလာခဲ့ကြပါတယ်။

ဒီလို မြင်ကွင်းက အလွန်ကြောက်မက်ဖွယ်ကောင်းပါတယ်။

“ဟူး . . ”

နတ်ဘုရားရေးရာ ဓားဆွဲထုတ်ခြင်းစနစ်( ယန်ချီ )စနစ်စာစဥ် အတွဲ ၁ (ခွင့်ပြုချက်ရပြီး)Where stories live. Discover now