Ch 111 to 115

342 39 2
                                    


Chapter 111 - သွေးတိုးစမ်းတဲ့ စစ်ပွဲများ စတင်ခြင်း

ရွှေရောင်လူသားအသွင်ပျောက်ကွယ်ပြီးနောက်မှာ ယန်ချီက သူ့ရဲ့ ဓါးဆွဲထုတ်မှတ်တွေကို စစ်ဆေးကြည့်လိုက်ပါတယ်။

“ဓါးဆွဲထုတ်မှတ် ဆယ်သန်း”

သိပ်လည်း မများ မနည်းပါဘူး။ သူ လိုအပ်တဲ့ ဓါးဆွဲထုတ်မှတ် ဆယ်သန်း အတိအကျပါပဲ။

သူ့မှာ ရွေးချယ်စရာ နှစ်ခု ရှိပါတယ်။ တစ်ခုကတော့ တစ္ဆေငိုညည်းသံဓါးကို နတ်ဆိုးပိုင်းဖြတ်ခြင်းဓါးအဖြစ် အဆင့်မြင့်တင်ပြီး နောက်တစ်ခုကတော့ အထူးဓါးဆွဲထုတ်ခြင်း အဆတစ်ထောင်ကနေ အဆ တစ်သောင်းအဖြစ် အဆင့်မြင့်တင်ဖို့ ဖြစ်ပါတယ်။

လက်ရှိမှာတော့ လင်ဟိုင်အခြေစိုက်စခန်းအုပ်ချုပ်မှုအောက်က မြို့တော်ရာချီကလည်း နေရာတိုင်းမှာ စစ်ဖြစ်နေကြပါတယ်။

ယန်ချီလည်း ပထမတစ်ခုကိုသာ ရွေးချယ်ခဲ့ပါတယ်။

သူက တစ္ဆေငိုညည်းသံဓါးကို နတ်ဆိုးပိုင်းဖြတ်ခြင်းဓါးအဖြစ် အဆင့်မြင့်တင်လိုက်ပါတယ်။

“ဒင် ဓါးဆွဲထုတ်မှတ် ဆယ်သန်းသုံးပြီး တစ္ဆေငိုညည်းသံဓါးကို နတ်ဆိုးပိုင်းဖြတ်ခြင်းဓါးအဖြစ် အဆင့်မြင့်တင်မှာလား”

“အဆင့်မြင့်တင်မယ်”

“(အဆင့်မြင့်တင်ခြင်းအောင်မြင်ပါပြီ။ တစ္ဆေငိုညည်းသံဓါးက နတ်ဆိုးပိုင်းဖြတ်ခြင်းဓါးအဖြစ် အောင်မြင်စွာ အဆင့်မြင့်တင်ပြီးပါပြီ)”

ယန်ချီက လက်ထဲက နတ်ဆိုးပိုင်းဖြတ်ခြင်းဓါးကို ကြည့်လိုက်ပါတယ်။

နတ်ဆိုးပိုင်းဖြတ်ခြင်းဓါး က နာမည်အတိုင်း ထင်ဟပ်နေပါတယ်။

ပျက်စီးခြင်းနယ်မြေရှစ်ခုက လျုဟီရဲ့ဓါးက နတ်ဆိုးမိစ္ဆာတွေကို တကယ် သတ်ဖြတ်ခဲ့တဲ့ ပြိုင်ဖက်ကင်းနတ်ဆိုးဓါးတစ်ချောင်း ဖြစ်ပါတယ်။

နတ်ဆိုးပိုင်းဖြတ်ခြင်းဓါးအပေါ်မှာ အေးစက်စက် အလင်းတစ်ခု ထုတ်လွှတ်နေပြီး ဓါးအလင်းကလည်း တရွှီးရွှီး အော်မြည်နေခဲ့ပါတယ်။

ယန်ချီက နတ်ဆိုးပိုင်းဖြတ်ခြင်းဓါးကို မြောက်လိုက်ပြီး အောက်ကို ပိုင်းဖြတ်လိုက်ပါတယ်။

နတ်ဘုရားရေးရာ ဓားဆွဲထုတ်ခြင်းစနစ်( ယန်ချီ )စနစ်စာစဥ် အတွဲ ၁ (ခွင့်ပြုချက်ရပြီး)Where stories live. Discover now