Ch 121 to 125

318 35 0
                                    


Chapter 121 - တစ်ဦးထဲ ထိုးဖောက်ဝင်ရောက်ခြင်း

နတ်ဆိုးပိုင်းဖြတ်ခြင်းဓါးကနေ ထုတ်လွှတ်လာတဲ့ ပေငါးရာရှည်တဲ့ ဆေဘာအလင်းက ကြီးမားတဲ့ ကျောက်တုံးကြီးတွေကို အမှုန့်အဖြစ်ပြောင်းသွားစေခဲ့ပါတယ်။ ဒီမြင်ကွင်းက အလွန်တရာကို ထိတ်လန့်ဖို့ကောင်းပါတယ်။

“အဲ့ဒါ သိုင်းအရှင်သခင် ယန်ချီလေ”

တျန်းဘေခံစစ်တံတိုင်းပေါ်က သိုင်းပညာရှင်တွေနဲ့ စစ်သားတွေက ဂျင် တစ်သောင်းလောက် လေးတဲ့ ကျောက်တုံးကြီးတွေ အမှုန့်ဖြစ်သွားတာကို ကြည့်ပြီး အားလုံး စိတ်လှုပ်ရှားနေခဲ့ကြပါတယ်။

“ငါတို့ဖက်မှာ သိုင်းအရှင်သခင်တွေ အများကြီး ရှိတယ်။ ဒီနတ်ဆိုးမိစ္ဆာတွေကို ဘာလို့ ကြောက်နေရမှာလဲ။ သတ်ကြစမ်း နတ်ဆိုးမိစ္ဆာတွေကို များများ သတ်ကြ”

တျန်းဘေးခံစစ်တံတိုင်းပေါ်က လူတိုင်းရဲ့ အရှိန်အဝါတွေက မိုးလောက်ထိ မြင့်တက်လာခဲ့ကြပါတယ်။

ယန်ချီရဲ့ အကြည့်တွေကတော့ နတ်ဆိုးမိစ္ဆာအုပ်ကြီးရဲ့ အလယ်က မီတာရာချီမြင့်တဲ့ စစ်ရထားသုံးစင်းဆီကို ရောက်နေခဲ့ပါတယ်။

အဲ့ဒီအနက်ရောင်စစ်ရထားပေါ်မှာ ထိုင်နေတာကတော့ ခေါင်းသုံးလုံး နတ်ဆိုးအရှင်ဖြစ်ပါတယ်။

အဲ့ဒီနတ်ဆိုးအရှင်က မန့်ရှန်တောင်ကုန်း နတ်ဆိုးလှိုဏ်ဂူက အစွမ်းအထက်ဆုံ းအင်အားစုတစ်ခု ဖြစ်ပါတယ်။

“ပေါင်းစည်းခြင်း , , , , မိုးပျံနဂါးရဲ့ ပထမအဆင့် စွမ်းအား”

ချက်ချင်းပင် ယန်ချီတစ်ကိုယ်လုံး အနီရောင်အဖြစ် ပြောင်းသွားခဲ့ပါတယ်။ သူ့ရဲ့ ဆံပင်တွေက ထောင်မတ်နေပြီး သူ့မျက်လုံးတွေတောင် ရဲရဲနီနေခဲ့ပါတယ်။ သူ့ခန္ဓာကိုယ်အပေါ်ပိုင်းက အဝတ်အစားတွေ အကုန်လုံး စုတ်ပြဲကုန်ပြီး သူ့ရဲ့ သန်မာတဲ့ ခန္ဓာကိုယ်ပေါ်လာခဲ့ပါတယ်။

အဲ့ဒီအချိန်မှာ ယန်ချီက အင်ဖာနိုငရဲကနေ တက်လာတဲ့ ပြိုင်ဖက်ကင်း သတ်ဖြတ်ခြင်းနတ်ဘုရားတစ်ပါးနဲ့ တူနေခဲ့ပါတယ်။

သူ့ရဲ့လက်ထဲမှာတော့ နတ်ဆိုးပိုင်းဖြတ်ခြင်းဓါးကို ကိုင်စွဲထားခဲ့ပါတယ်။

နတ်ဘုရားရေးရာ ဓားဆွဲထုတ်ခြင်းစနစ်( ယန်ချီ )စနစ်စာစဥ် အတွဲ ၁ (ခွင့်ပြုချက်ရပြီး)Where stories live. Discover now