Ch 146 to 150

295 36 3
                                    


Chapter 146 - သူမက တန်းစီစရာ မလိုဘူး

“ရတာပေါ့” ယန်ချီက သူ့အရှေ့ သိုင်းအရှင်သခင် ဆရာကို ကြည့်ပြီး ပြောလိုက်တယ်။ “သူမက တန်းစီစရာ မလိုဘူး”

“အဆင်ပြေရဲ့လား”

ဆရာများလည်း စဉ်းစားရခက်သွားခဲ့တယ်။

“တန်းစီဖို့ မလိုဘူးလား”

စာရင်းမှတ်နေတဲ့ ဆရာတွေနဲ့ တန်းစီနေတဲ့ ကျောင်းသားသစ်တွေအားလုံ းအံ့သြသင့်သွားခဲ့ကြတယ်။

သူတို့တွေက ယန်ချီဘာပြောချင်တာလဲဆိုတာကို နားမလည်ခဲ့ကြဘူး။

ဆရာတွေက ယန်ချီက အထက်အောက် သေချာကြည့်လိုက်ကြတယ်။

သူတို့တွေက ကြည့်ရှုပြီးနောက် စိတ်ထဲ ရုတ်တရက် တင်းကျပ်သွားခဲ့တယ်။

ယန်ချီကို ကြည့်ရတာ ငယ်ရွယ်ပေမယ့်လည်း သူ့မျက်လုံးထဲမှာ သတ်ဖြတ်မှုအရှိန်အဝါတွေ ဖုံးကွယ်ထားတာကို သူတို့သတိပြုမိလိုက်တယ်။ ဒါကြောင့် သူတို့တွေ နောက်ကို ဆုတ်လိုက်မိကြတယ်။

ဒီလိုမျိုးအရှိန်အဝါက အသက်ဆယ့်ရှစ် ဆယ့်ကိုးလောက်ရှိတဲ့ လူငယ်လေးဆီမှာ ရှိနေတာလား။

“သူမ ဘာကြောင့် တန်းစီစရာ မလိုဘူးဆိုတာ ငါ သိတယ်”

ဆရာတစ်ယောက်က ယန်ချီကို ကြည့်ပြီး ပြောလိုက်တယ်။

သူက ယန်ချီရဲ့ အရှိန်အဝါကြောင့် အံ့သြမှင်တပ်နေခဲ့ပြိး ယန်ချီနဲ့ စုရွှင်းအာတို့မှာ ကောင်းကင်လောက်မြင့်တဲ့ နောက်ခံရှိတယ်လို့ ခံစားနေမိတယ်။ သူတို့တွေက အင်ပါယာကျောင်းတော်ရဲ့ နည်းပြဆရာတွေဖြစ်ပေမယ့်လည်း ဒီအချိန်မှာ ရှင်းရှင်းလင်းလင်းသိအောင် မမေးရဲပါဘူး။

“ငါ မင်းတို့ကို တစ်ခု ပြစရာ ရှိတယ်”

ယန်ချီက ညင်သာစွာ ပြောလိုက်တယ်။

“တစ္ခုခု. .. . ”

သိုင်းအရှင်သခင်အဆင့်များစွာက အနည်းငယ် အံ့အားသင့်သွားခဲ့ရတယ်။

ယန်ချီဘေးမှာ ရပ်နေတဲ့ စုရွှင်းအာတစ်ယောက်လည်း အလွန် နားမလည်နိုင်ဖြစ်သွားခဲ့ပါတယ်။

နတ်ဘုရားရေးရာ ဓားဆွဲထုတ်ခြင်းစနစ်( ယန်ချီ )စနစ်စာစဥ် အတွဲ ၁ (ခွင့်ပြုချက်ရပြီး)Where stories live. Discover now