ရက်စွဲ(၁၇)

481 40 2
                                    

မိုးသည် သည်းထန်စွာရွာနေသည်။ တောင်ပေါ်ဒေသမို့ မိုးမရွာခင်ကလဲ လေကအပြင်းထန်တိုက်ခတ်ထားခဲ့သည်။ဇူလိုင်မိုးက ရန်ကုန်မှာရော ခုလိုပြင်းထန်ပါ့မလား။ အိမ်မှာ မည်သူမှ မရှိကြ။ အပါကြီးက ကုန်သွားပို့သည်။ စူးကျယ်အောင်က တောင်ပေါ်မှာရောက်နေသည်။ အရင်လို အဒီးတော့ မပါခဲ့ပါ။ မနက်ဖန်ဆိုရင် ရန်ကုန်ပြန်ရတော့မည်။ မြို့ပြမွန်းကြပ်မှုကိုတော့မကြိုက်ပေမယ့် အစ်ကိုနှင့်ပြန်လည်တွေ့ရတော့မည် ဆိုသည့် စိတ်ခံစားမှုကတော့ တစ်မျိုးလေးပင်။ အစ်ကိုက စူးကျယ်အောင် အပေါ်မှာ အစ်ကိုတစ်ယောက်လို ဦးလေးတစ်ယောက်လို ကောင်းရှာပါသည်။ တစ်ခါတစ်လေမှာလဲ မကြိုက်တာကို မကြိုက်ဘူးဟု ပွင့်ပွင့်လင်းလင်း အားမနာစတမ်းပြောပစ်သည်။ ကြိုက်သောအချက်ရှိလျှင်လဲ ပေါ်တင်ကြီး ချီးမကျူးတတ်၊ ပြီးခဲ့တဲ့စာမေးပွဲမှာ စူးကျယ်အောင် အမှတ်အများဆုံးကျောင်းသားအဖြစ် အောင်မြင်သည်။ တကယ်တော့ ဆယ်တန်းမှာတောင်သည်လောက်ကြီး မကြိုးစားခဲ့ပါပဲ အခုမှ မီးကုန်ယမ်းကုန်ကြိုးစားသည်မှာ အစ်ကို့ရဲ့ အထင်ကြီး မှုနဲ့ အာရုံစိုက်ခံရမှုကို လိုချင်၍ဟု ဝန်ခံရပေမည်။ တော်သေးသည် သူတို့ဆယ်တန်း မအောင်ခင်က တည်ခဲ့သော တောင်ပေါ်ဘုရားနှင့် ဘုန်းတော်ကြီးကျောင်းအသေးလေးရှိနေသဖြင့် မိုးခို၍ ရနေသည်။ မဟုတ်လျှင် ပြန်ဖျားပေအုန်းမည်။

______________________

မိုးကတော့ အနည်းငယ်စဲသွားပေပြီ၊ တောင်ပေါ်မှာမို့ လေကတော့ မထန်တောင် ခပ်အေးအေး တိုက်ခတ်လျှက်ရှိသည်။

"ဒီကောင်ဘယ်သွားနေလဲ မသိဘူး"
စူးကျယ်အောင်အိမ်သို့ အဒီးထီးတစ်ချောင်းနှင့်ရောက်လာခဲ့ကာ ခြံရှေ့မှ အော်ခေါ်နေသည်။ခြံတံခါးသော့ခတ်ထားသော်လည်း အထဲမှာ စူးကျယ်အောင်ရှိနေမည်ဟု ယုံကြည်နေမိသည်။ သူက အမြဲ သူတစ်ယောက်တည်းရှိလျှင် ခြံတံခါးသော့ခတ်ပြီးနေနေကျဆိုတာ အဒီးသိပါသည်။ သို့သော် ဤတစ်ခါတော့ သူရှိမနေပါ။ခြံကျော်ဝင်လိုက်လျှင်ကောင်းမည်လား။ သူအိပ်ပျော်နေတာများလား။ပြောပြောဆိုဆိုနှင့် ခြံကျော်ဝင်လိုက်ပါသည်၊ စူးကျယ်အောင်တို့အိမ်က အုတ်တံတိုင်းခပ်နိမ့်နိမ့်လေးသာ ကာထားသဖြင့် ကျော်ဝင်ရန် သိပ်မခက်ခဲလှပါ။

ကြည်ပြာရောင်နေ့စွဲများWhere stories live. Discover now