❤️ အပိုင်း 99 ❤️

6.5K 287 10
                                    

❤️ Love & Fortune ❤️

အပိုင်း 99

ကြိုးကြိုးမှာ ဗိုက်ဆာလာ၍ တစ်ယောက်ထဲ အိပ်ရာမှ အစောကြီး နိုးလာရ၏။

နိုးနိုးချင်း စောင်ပုံကြီးကြားထဲမှာ ငုတ်တုတ်လေး ထထိုင်ပြီး အခန်းပတ်လည်ကို ဟိုကြည့်ဒီကြည့်လေး လုပ်လိုက်တော့ ကိုကိုကလဲ သူ့ခုတင်မှာ အိပ်ပျော်နေတာ မနိုးသေးသလို ဒယ်ဒီနဲ့ မာမီတို့ကလဲ အိပ်နေကြတုန်းပင်။

ထို့ကြောင့် သူမလေးရဲ့ ကိုယ်ပေါ်မှ ဂွမ်းစောင်ကြီးကို ကြိုးကြိုး လက်လေးနဲ့ ဖယ်ထုတ်လိုက်ပြီး ခုတင်ပေါ်မှ လျှောဆင်းကာ မာမီတို့ရဲ့ ခုတင်ပေါ်သို့ ကုတ်ကတ်ပြီး တွယ်တက်လိုက်သည်။

မာမီတို့ ခုတင်ပေါ်ကို ရောက်တော့ မာမီနဲ့ ဒယ်ဒီက တစ်ယောက်ကိုတစ်ယောက် ဖက်ပြီး အိပ်နေကြတာကြောင့် ကြိုးကြိုး မျက်မှောင်လေး ကျုံ့လိုက်မိသည်။

မာမီနဲ့ ဒယ်ဒီက အဲ့လိုမျိုးဖက်ထားပြီး အိပ်နေကြတော့ သူမလေးက ဘယ်လိုလုပ်ပြီး မာမီနဲ့ ဒယ်ဒီရဲ့ အလယ်ကို ၀င်လို့ရပါတော့မလဲ။

မာမီ့ကိုယ်လေးကို ဖက်ထားတဲ့ ဒယ်ဒီ့လက်တွေကို ဆွဲဖယ်ဖို့ ကြိုးစားပေမယ့်လဲ ဒယ်ဒီရဲ့ လက်တွေက အရမ်းသန်မာလွန်းနေတာကြောင့် ကြိုးကြိုးမှာ ဘာမှ မတတ်နိုင်ပေ။

အဲ့တာကြောင့် နောက်ဆုံးတော့ အိပ်ပျော်နေတဲ့ မာမီနဲ့ဒယ်ဒီကို လှုပ်နှိုးဖို့ပဲ ကြိုးကြိုး ဆုံးဖြတ်လိုက်သည်။

"မာမီရေ ထသော့ရေနော် .....ဒယ်ဒီရဲ ထသော့..... မိုးလင်းနေပီရို့ ကြိုးကြိုးတို့ မျက်နှာသစ်ပီး မနက်စာ သွားစားကြရအောင်ရေနော်...... ကြိုးကြိုး ဗိုက်ချာနေပီ ....

မာမီရော ဒယ်ဒီရောက လိမ္မာသယ်နော် .... ထကြသော့နော်...... အခုချိန်အိပ်ရာက ထရင် ကြိုးကြိုးက အာ၀ါး ပေးမယ်ရေ .... မထချင်၀ူးရား ..... "

".........."

"ဟွန့် .... မာမီနဲ့ ဒယ်ဒီကရဲ ဒီရောက်နှိုးနေသာသောင် နိုးကြသေး၀ူး .... ကြိုးကြိုး စိတ်ညစ်ရာပီနော်....."

ကြိုးကြိုးမှာ ဒယ်ဒီနဲ့မာမီကို ချော့ပြောပြီး အိပ်ရာက နှိုးပေမယ့် ဒယ်ဒီနဲ့ မာမီတို့ကတုပ်တုပ်တောင် မလှုပ်တာကြောင့် စိတ်ညစ်သွားရပြီး မာမီ့ကျောပြင်လေးပေါ် မှီချလိုက်မိသည်။

❤️ Love & Fortune ❤️Where stories live. Discover now