Uni

2.3K 148 7
                                    

" ကျန့်ကော တိတိကချစ်တယ်လို့ "

" ကျစ်! မင်းငါ့နောက်အရမ်းကပ်မလိုက်လို့မရဘူးလား ? "

" ဟင့်အင်း ကျန့်ကောကိုတိတိချစ်တာငါးနှစ်ရှိနေပြီကိုကျန့်ကောကမျက်ကွယ်ပြုထားတာလေ "

" ဝမ်ရိပေါ် ! "

" မအော်နဲ့ တိတိကိုမအော်ပါနဲ့ ကျန့်ကောကလည်း... "

" မင်းအဲ့တာဆိုဆက်မလိုက်လာနဲ့ ငါမင်းကိုစိတ်တိုလာပြီနော် လူတေနဲ့မင်းသိက္ခာကိုထည့်တွက်ပြီးနေခဲ့ "

မျက်ရည်များဝဲစွာဖြင့်နေခဲ့သောဝမ်ရိပေါ်အား တစ်ချက်ငဲ့မကြည့်ပဲထွက်သွားသော ရှောင်းကျန့်ကြောင့် ရိပေါ်၏နှုတ်ခမ်းလေးဟာ တစ်တောင်လောက်ကိုဆူ‌ထွက်နေလေပြီ။

စိတ်တိုနေမှန်းသိသာတာမလို့ သူကျန့်ကျန့်နောက်ဆက်မလိုက်ရဲပါ။ငါးနှစ်တိတိလိုက်ခဲ့ရသော သူ၏crhကြီးဒေါသကိုသူအသိဆုံးပင်ဖြစ်ပေသည်။သူမှတ်မိသေးသည် သူနှင့်ရှောင်းကျန့်စတွေ့တုန်းက သူအလယ်တန်းတုန်းက ကျောင်းကအပြန် အရက်သမားများ၏နှောင့်ယှက်ခြင်းကိုခံရသောကြောင့် သူ့ကိုဝင်ကယ်သော သူ့ထက်ကြီးပုံပေါ်သည့်ရှောင်းကျန့်သည် အရက်သမားများအားဆုံးမပုံမှာ မိမိုက်နေလွန်းသည်။

ထိုအချိန်ကတည်းကသဘောကျခဲ့ရသောကြောင့် ရှောင်းကျန့်အကြောင်းများအားစုံစမ်း၍ ရှောင်းကျန့်တက်သောကျောင်းအားလိုက်တက်ခဲ့သည်။ရှောင်းကျန့်အား ရရင်ရသလိုချစ်ကြောင်းပြောသော်လည်း အချေကိုယ်တော်ကြီးရှောင်းကျန့်သည် သူ့အားအဖက်တောင်မလုပ်ချေ။တကယ်ကိုအသည်နှလုံးမာသောလူသားပင်ဖြစ်သည်။

ရှောင်းကျန့်ရိပေါ်အနားမှအမြန်ထွက်လာလိုက်သည်။သို့သော် သူအေးဆေးလမ်းလျှောက်မည်ပြင်ဆဲအချိန် ခြေသံကြားရသည်ကြောင့် စိတ်အနည်းငယ်တိုသွားရပြန်သည်။

" ဝမ်ရိပေါ် မင်းလိုက်လာပြန်! ဟင် ကျိုးချန် "

" အေး ဘာလဲ မင်းဟိုကောင်လေးလို့ထင်နေတာလား သူကငါတို့ထက်ငယ်ပုံပေါ်တယ်နော် ရှောင်းကျန့် "

" အင်း ဟုတ်မှာပေါ့ "

" အမယ် မင်းဂရုမစိုက်သလိုဆောင်နေတာတေဘယ်နေ့ရပ်မှာလဲ "

ZhanGe ♡ DiDi { Complete✓ }Where stories live. Discover now