အပိုင်း ၁၅၁ မှ ၁၅၅

309 33 0
                                    


Chapter 151 - ကံဆိုးသွားတဲ့ အဆင့်မြင့်နတ်ဆိုးဘုရင်

ဟီရွှယ်က ယန်ချီကို မကျေမနပ်နဲ့ ကြည့်လိုက်တယ်။

သူမရဲ့ အမြင်မှာတော့ ယန်ချီရဲ့ နောက်ခံအသိုင်းအဝိုင်းက သူမထက် ပိုပြီး ကြောက်ဖို့ကောင်းနေပေမယ့် ယန်ချီက သူမထက်ပိုပြီး အစွမ်းထက်မယ်လို့တော့ မယုံကြည်ပါဘူး။

ယန်ချီကတော့ တည်ငြိမ်စွာနဲ့ ဟီရွှယ်ကို ကြည့်လိုက်တယ်။

“မင်းက အဆင့်မြင့်သိုင်းဆရာအဆင့်လို့ ပြောခဲ့ပြီး ဒီပြဿာနာလေးကို မင်းမရှင်းနိုင်ဘူးလား”

“နင်. . . ”

ဟီရွှယ်တစ်ယောက် အံတင်းတင်းကြိတ်လိုက်ပြီး ယန်ချီကို ဒေါသတကြီး ကြည့်နေခဲ့ပါတယ်။

ယန်ချီက ဟီရွယ်ကို အာရုံထဲထားမနေတော့ပဲ သဲကန္တရမြို့ထဲကနေ ထွက်လာခဲ့လိုက်တယ်။

ဟီရွှယ်လည်း ယန်ချီရဲ့ နောက်ကျောကို စိုက်ကြည့်နေခဲ့ပါတယ်။ သူမက ယန်ချီကို အလွန်မုန်းတီးနေပေမယ့် ယန်ချီနောက်ကိုသာ လိုက်လာခဲ့ပါတယ်။ သူမက နယ်မြေကြမ်းကို လာတဲ့အတွက် နောင်တရနေခဲ့ပြီး အခုတော့ သူမက အင်ပါယာနန်းတော်ဆီကိုသာ ပြန်ချင်နေခဲ့ပါတယ်။

သူမက ယန်ချီနောက်ကို စိတ်မပါလက်မပါနဲ့ လိုက်နေခဲ့ပြီး မြို့ကနေ ထွက်လာချိန်မှာ နတ်ဆိုးမိစ္ဆာတွေရဲ့ဆိုးသွမ်းတဲ့ ရယ်မောသံကို ကြားလိုက်ရပါတယ်။

“လူသားတွေ. . .”

ယန်ချီက နတ်ဆိုးမိစ္ဆာတွေရဲ့ အသံမှန်း သိလိုက်ပါတယ်။

ပထမခံစစ်မြို့တော်အပြင်ဖက်နယ်မြေက တကယ်ကို နယ်မြေကြမ်းပါတယ်။ ဒါကြောင့်နတ်ဆိုးမိစ္ဆာတွေ ရှိနေတာ မထူးဆန်းတော့ပါဘူး။

ဟီရွှယ်လည်း အသံထွက်ပေါ်ရာ နေရာဆီကို ကြည့်လိုက်တော့ သူမရဲ့ ချောမွေ့နေတဲ့ မျက်နှာကဖြူလျော့သွားခဲ့ပါတယ်။

ဘာကြောင့်လဲဆိုတော့ သူမမြင်လိုက်ရတဲ့ နတ်ဆိုးမိစ္ဆာတွေက ငွေရောင်အရင့်မျက်လုံးပိုင်ရှင်တွေ ဖြစ်ကြတယ်။

“အဆင့်မြင့် နတ်ဆိုးဘုရင်”

အဆင့်မြင့်နတ်ဆိုးဘုရင်တွေက အဆင့်မြင့်သိုင်းဆရာအဆင့်တွေနဲ့ ယှဉ်နိုင်စွမ်းရှိပါတယ်။

နတ်ဘုရားရေးရာ ဓားဆွဲထုတ်ခြင်းစနစ်( ယန်ချီ )စနစ်စာစဥ် အတွဲ ၁ (ခွင့်ပြုချက်ရပြီး)Where stories live. Discover now